သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, February 18, 2012

စင်ကာပူ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် ရောက်ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုအတွက် လေ့လာနေ

ဂျူးလိယက်နှင့် အေးသီတာကျော်

အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
စင်ကာပူနိုင်ငံမှ ကုမ္ပဏီပေါင်း ၇၁ ခုခန့် ကို ကိုယ်စားပြုသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်အခြေအနေနှင့် အကျိုး တူပူးပေါင်းနိုင်မည့် အနေ အထားများ အား ရက်နေ့မှ ၁၈ ရက်နေ့အထိ လေ့လာကြမည်ဖြစ်သည်။
ယင်းအဖွဲ့ကို မြန်မာနိုင်ငံကုန်သည် / စက်မှုအသင်းချုပ်၊ စင်ကာပူစီးပွားရေး အဖွဲ့ချုပ် (SBF) နှင့် International Enterprise Singapore တို့က ပူးပေါင်း စီစဉ်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့စက်မှု ကုန်သည်အသင်းချုပ်တွင် လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက်တွေ့ဆုံခြင်း၊ နေပြည်တော်တွင် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိ သူများနှင့်တွေ့ဆုံမှုများလည်း ပြုလုပ် ခဲ့သည်။
ယင်းလုပ်ငန်းရှင်များအဖွဲ့သည် စင်ကာပူနိုင်ငံတွင် အကြီးမားဆုံးအဖွဲ့ အစည်းဖြစ်ကာ မြန်မာ့စီးပွားရေးဈေး ကွက်ကိုလည်း အတော်အတန်လေ့လာ ထားသူများဖြစ်ကြောင်း ကုန်သည်/ စက်မှုအသင်းချုပ်၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။
၁၉၉၇ ခုနှစ်မတိုင်ခင်က စင်ကာပူ၏ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံမှုသည် နံပါတ်တစ်နေရာတွင်ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၌ နံပါတ်(၆)နေရာတွင်သာ ရှိတော့သည်။
"ကျွန်မတို့ နိုင်ငံကသေးတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေက တခြား နိုင်ငံတွေလောက် များများစားစား မရှိဘူး။ တရုတ်ကတော့ မြန်မာနိုင်ငံမှာ နံပါတ် တစ်ဖြစ်လာတယ်။ စင်ကာပူကလည်း ကုန်ထုတ်လုပ်မှုအခြေခံရင်းနှီး မြှုပ်နှံမှုတွေ၊ ၀န်ဆောင်မှုမှာ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ ပြန်ရောက်လာမှာပါ"ဟု GDB Asia ၏ လက်ထောက်အမှု ဆောင်ဒါရိုက်တာ Ms Edith Cheong က မြန်မာတိုင်း(မ်)ကို ပြောသည်။
အနောက်နိုင်ငံများမှ မြန်မာနိုင်ငံတွင်းသို့ ပိတ်ဆို့မှုများလျော့ပါးပြီးဖြစ်သလို နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေများပြန်လည် ရေးဆွဲနေမှုတို့ကြောင့် စင်ကာပူ၏ မြန်မာနှင့် တွဲဖက်လုပ်ကိုင်ရန် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ငန်း များတွင် ဆက်တိုက်ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"စင်ကာပူရဲ့ ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု (logistic) ရဲ့ အထင်ကရ စီးပွားရေးလုပ်ငန်းရှင်တွေ ဒီကိုရောက် လာတယ်ဆိုတာ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အဓိကသက်ဆိုင်မယ်။ ရေနက် ဆိပ်ကမ်းတည်ဆောက်ဆဲကာလမှာပဲ ဒီ logistic ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံချင်ပုံရတယ်။ ဆိပ်ကမ်းပြီးသွားရင် သူတို့ဘက် ကခွဲပေးလိုက်ရတဲ့ဝေစုကို ဒီဘက်မှာ ပြန်အစားထိုးလို့ ရနိုင်မယ်"ဟု ပြည်တွင်း logistic ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ စီစဉ်သော စီးပွားရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်းနှင့် မြန်မာ့စီးပွားရေး အဖွဲ့အစည်း ကွန်ရက်နှင့် အစိုးရတာဝန် ရှိသူများက စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအတွက် အလားအလာ ကောင်းများပေးနိုင်ရန် မျှော်လင့် ကြောင်း SBF ၏ ဥက္ကဋ္ဌ Mr Tony CHEW Leong- Chee က ပြောသည်။
"စင်ကာပူဘက်က မြန်မာကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပေး နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်တွဲ လုပ်ကိုင် သွားချင်ပါတယ်"ဟု ၎င်းက ပြောသည်။
လုပ်ငန်းရှင်များဘက်မှ အဆင်ပြေမှုများရှိသကဲ့သို့ အချို့သောလုပ်ငန်း ရှင်များဘက်မှလည်း အားနည်းချက်များ ရှိကြောင်း စင်ကာပူ လုပ်ငန်းရှင်များကပြောသည်။
"မြန်မာဘက်က တွေ့ဆုံဆွေးနွေးဖို့ ရောက်လာတဲ့ လုပ်ငန်းရှင်တစ်ဦးက ကြိုတင်စာရင်းပေးပြီး ရောက်လာတဲ့ အခါ သူတို့ဆွေးနွေးဖို့ အတွက် ကြိုတင် စာရင်းပေးထားတဲ့ စားပွဲဝိုင်းတွေ မှာရှိမနေတဲ့အတွက် တစ်ဖက် လုပ်ငန်းရှင်အပေါ် လေးစားမှုမရှိကြောင်း" ၎င်းတို့က ပြောသည်။
"တချို့နိုင်ငံခြားကလုပ်ငန်းရှင်တွေ တွေ့ချင်ကြတဲ့ လုပ်ငန်းတွေကို ဖော်ပြကြတဲ့အခါ သူတို့လုပ်နေတဲ့လုပ်ငန်းနဲ့ လုံးဝ မဆက်စပ်တဲ့ လုပ်ငန်းတွေကိုလည်း စိတ်ဝင်စားကြတာတွေ့ရတယ်။ လိုချင်တာအကုန်လုပ်ပေးနိုင်တယ်လို့ ပြောမယ့်လုပ်ငန်းတွေလည်း တွေ့ရ တယ်။ တချို့တွေ့ဆုံမှုတွေ လုပ်ဖို့ပြင်ထားတဲ့ စားပွဲတွေမှာဆို နိုင်ငံခြားကလုပ်ငန်းရှင် တွေလုံးဝပျောက်နေတယ်"ဟု မြန်မာ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၂၀၁၁ ခုနှစ်တွင် စင်ကာပူသည် မြန်မာသို့ ပို့ကုန်အများဆုံးတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တွင် ဒုတိယအများဆုံးတင် သွင်းခဲ့ကာ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ စင်ကာပူ ဒေါ်လာ ၁ ဒသမ ၆၃ဘီလျံရှိ ကြောင်း SBF ၏ စာရင်းတွင်ဖော်ပြပါရှိသည်။

No comments:

Post a Comment