သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, February 18, 2012

ပြည်တွင်းကုမ္ပဏီများ ၀န်ထမ်းခေါ်ယူမှုနှုန်း ပြန်လည်များလာ

7days news

Photo
အေးမြတ်သူ
ရန်ကုန်၊ ဖေဖော်ဝါရီ- ၅
အတွဲ (၁၀)၊ အမှတ်(၄၇)
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ထက် ၂၀၁၂ ခုနှစ်ဆန်းပိုင်းတွင် ကုမ္ပဏီများအလုပ်ခေါ်ယူမှုနှုန်းမြင့်တက်လာကြောင်း ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများမှ သတင်းရရှိသည်။
ကုမ္ပဏီ၊ စက်ရုံအသစ်များ က ၀န်ထမ်းသစ်များခေါ်ယူခြင်း ကြောင့်အလုပ်ခေါ်နှုန်းတက်လာခြင်းဖြစ်သည်။ သို့သော်  ကျွမ်းကျင်ဝန်ထမ်းများရရှိရန်ခက်ခဲလျက်ရှိ
ကြောင်းလည်းသတင်းရရှိသည်။ အလုပ်လာလျှောက်သူအများစုသည် လုပ်ငန်းအတွေ့အကြုံ ၃၊ ၄ နှစ်ရှိထားသူနှင့် တက္ကသိုလ်ကျောင်းဆင်းများဖြစ်ကြောင်း ပြည်တွင်း
အလုပ်အကိုင်အေဂျင်စီများမှ တာဝန်ရှိသူများကပြောသည်။

“ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၂ မှာ ၂၀ ရာခိုင်နှုန်းကျော် လောက်တိုးလာတယ်လို့ ယူဆတယ်။ အလုပ်ရတဲ့လူကျတော့ လောလောဆယ်နည်းတယ်။ ကျောင်းပြီးခါစ လေးတွေ အဲဒါပိုများတယ်။ အလုပ်အတွေ့အကြုံမရှိတာများတယ်။ များသောအားဖြင့် အင်ဂျင်နီယာတို့  LCCI  Level-3 ပြီးတဲ့စာရင်းကိုင်တွေများတယ်။ သူတို့လည်း အတွေ့အကြုံမရှိတော့မလွယ်ဘူး”ဟု   Myanmar  Inte-grated Recruitment Services  မှ   တာဝန်ရှိသူတစ်ဦးက ပြောသည်။  People's Chioce General Services  မှ ဒါရိုက်တာ ဦးမျိုးဟန်ကျော်က “ဒီလထဲ မှာတော့ အလုပ်ခေါ်တာ တော် တော်စိပ်စိပ်လေးခေါ်နေတယ်။ ဟိုတစ်လောကဆိုရင် ထိုင်းလေကြောင်းလိုင်းတို့၊ ပြီးတော့ကုမ္ပဏီ ကြီးတွေ၊ အရင်တုန်းက သိပ်မခေါ် တဲ့ ရေနံကုမ္ပဏီကြီးတွေ ဒေါ် လာပေးပြီးခေါ်တာတို့ အဲဒါမျိုး တွေများတယ်”ဟု ပြောသည်။  
နွယ်ရိုးအလုပ်အကိုင်အေဂျင် စီမှ တာဝန်ရှိသူတစ်ဦးက “ကုမ္ပဏီတွေအသစ်ထပ်ဖွင့်တဲ့အခါ ၀န်ထမ်းတွေခေါ်ယူတယ်။စက်ရုံ လုပ်ငန်းတွေခေါ်တာပိုများပါတယ်။ လုပ်ငန်းတော်တော်များများတော့ တိုးလာတယ်။ လခတွေက များလာတယ်။ အလုပ်ရသူလည်း များတယ်။ လာလျှောက်တဲ့လူကတော့ ပုံမှန်ပါပဲ””ဟုပြောသည်။ ၀န်ထမ်းခေါ် ယူမှုများလာသည်နှင့်အတူ အချို့လုပ်ငန်းများက လုပ်ခလစာပေးမှုမှာ ယခင် လစာနှုန်းထက် ၂၀ရာခိုင်နှုန်းဝန်းကျင် ပိုမိုတိုးပေးလာ ကြောင်းအထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
သို့သော်ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုကိုအဓိကကြုံတွေ့နေရကြောင်း   Market Case   မှ မန်နေဂျင်း  ဒါရိုက်တာ ဦးအောင်မြင့်က ပြောသည်။ နိုင်ငံခြားတွင် လုပ်ငန်း အတွေ့အကြုံရှိသောသူများကိုမူ ပြည်တွင်းရှိ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများတွင် အလုပ်နေရာရရန် သာမန်ဝန်ထမ်းများထက်ပို၍ လွယ်ကူပြီး လခများလည်းတိုး၍ပေး လျက်ရှိသည်။  “အိတ်စ်ပို့ကုမ္ပဏီတွေပေါ့။ ခေါ်တာများတယ်။ အိတ်စ်ပို့ကုမ္ပဏီတွေက အရင်လိုမျိုးမခက်ခဲတော့ဘူးလေ။ မြန်မာငွေနဲ့ပေးတာ များပါတယ်။ လူတွေလည်း မြန်မာငွေနဲ့ပဲရချင်တယ်။ဒေါ်လာနဲ့မကိုက်ဘူးလေ။ ဒေါ်လာကျလို့ရှိရင် သူတို့ခံရတာကိုး”ဟု နွယ်ရိုးအလုပ်အကိုင်အေဂျင်စီမှ မအေးမြတ်မွန်ကပြောသည်။ သို့သော်အချို့ အေဂျင်စီများတွင်မူ ယခင်နှစ်နှင့် ယခုနှစ်တွင် အလုပ်ခေါ်နှုန်းထူးခြားစွာကွာခြားမှုမရှိကြောင်း ပြောသည်။

No comments:

Post a Comment