သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, February 10, 2012

မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်

2012-02-09

မြန်မာနိုင်ငံကို အခုထက်သာတဲ့ အာဆီယံ အသင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လာမယ့် ဆယ်စုနှစ်မှာ တွေ့ချင်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
NLD
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင် ဌာနချုပ်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က ကျင်းပနေစဉ်။
ဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး အပြောင်းအလဲထက် နိုင်ငံရေး အပြောင်းအလဲက ပိုပြီး အရေးကြီးနေတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က Asean Business Club အာဆီယံ စီးပွားရေးအသင်း ABC အဖွဲ့က ကိုယ်စားလှယ်တွေကို ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်ခင်မှာ စောင့်ကြည့်ဖို့ကိုလည်း အကြံပြု လိုက်တယ်လို့ သိရပါတယ်။ Asean Business Club က ကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲတစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၆ ရက်နဲ့ ၇ ရက်မှာ နေပြည်တော်ကိုသွားပြီး အာဏာပိုင် အဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဖော်ပြ လိုက်တာပါ။

No comments:

Post a Comment