သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, February 10, 2012

NLD ခံကတုတ်ကြီး မန်းတွင်ပေါ်လာပြီဟု ဦးဝင်းတင်ဆို

Posted by AF 

မန္တလေး၊ ဖေဖော်ဝါရီ ၅
မန္တလေးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခံကတုတ်ကြီး တစ်ခု ပေါ်လာပြီဖြစ်ကြောင်း ဟံသာဝတီဦးဝင်းတင်က ပြောသည်။ ”ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီက မန္တလေးမဟာအောင် မြေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲတွင် ဟံသာဝတီ ဦးဝင်းတင်က အထက်ပါအတိုင်း ပြောသည်။ မဟာအောင်မြေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲ သည် မန္တလေးတွင် ပထမဆုံးပြု လုပ်သည့် ပွဲဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်၏ မန္တလေး အာင်နိုင်ရေးရုံးခန်း လည်းဖြစ်ကြောင်း ၄င်းက ပြောသည်။ ”အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဟာ အမြဲတမ်းခံစစ်ကြီး မဟုတ် ပါဘူး။ မဟာအောင်မြေမှာ ဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုဦးစီးဝင်ဖြစ် တဲ့ ဦးအုန်းကြိုင် ဝင်ပြိုင်မှာပါ။ လွှတ် တော်ထဲရောက်ရင် ဘာတွေဆောင် ရွက်မလဲဆိုတော့ ပြည်သူတွေ အ ကျိုးမပြုမယ့် အစိုးရလည်း လက်ခံ မယ့် ဒီမိုကရေစီနဲ့ မကိုက် ညီတဲ့ အချက်တွေပြင်မယ်။ ပြည်တွင်းစစ် ရပ်စဲအောင်ဆောင်ရွက်မယ်။ တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်ပါမယ်” ဟု ၄င်းကပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေး တိုင်းဒေသကြီး မဟာ အောင်မြေ၌ ပြည်ခိုင်ဖြိုးမှ ဦး သန်းထွန်း၊ တစညမှ ဦးထွန်းကြည်၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါ တီမှ ဦးလှကို၊ ပြည်သူ့ဒီမိုကရေစီ ပါတီမှ ဒေါက်တာသန်းထိုက်ဦးတို့ လည်း ယှဉ်ပြိုင်အရွေးခံကြမည် ဖြစ် သည်။
သက်နိုင်၊ မောင်တာ

No comments:

Post a Comment