သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, February 10, 2012

ရန်ကုန်တွင် မြေအောက်ရထားလမ်းများဖောက်လုပ်ရန် အစီအစဉ်ရှိဟုဆို

သီဟ (weekly eleven)

နေပြည်တော်၊ဇန်န၀ါရီ-၂၆
ရန်ကုန်ရှိ သီလ၀ါနှင့် ရန်ကုန်မြစ်ဝဒေသတွင်  စီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန် နိုင်ငံခြားအရင်းအနှီးများ ဖိတ်ခေါ်လျက်ရှိပြီး အဆိုပါ စီမံကိန်းများတွင်  မြေပေါ်မြေ အောက်ရထားလမ်းစီမံကိန်း ထည့်သွင်းရေးဆွဲထားကြောင်းဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောသည်။

ရန်ကုန်မြို့တော်သည် စီးပွားရေးမြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီဆောင်ရွက်နိုင်ရန် နိုင်ငံခြားပညာရှင်များ၏ အကူအညီဖြင့်မြို့တော်ဖွံ့ဖြိုးရေး( City Development ) အစီအစဉ်များ ရေးဆွဲလျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြား သည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၏  ပထမနေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ   ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်တင်နွယ်ဦး၏ရန်ကုန်
မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် မြို့ပတ်ရထားလမ်းကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား  ဖြေ ကြားရာတွင် ထည့်သွင်းပြော ကြားသွားခြင်းဖြစ်သည်။
ဒေါ်တင်နွယ်ဦးက  ယင်း၏မေးခွန်းတွင် ဒဂုံတက္ကသိုလ်မှ တစ်ဆင့် ဒဂုံမြို့သစ်ကိုဖြတ်ကာ ပုလဲ၊ရွှေပေါက်ကံ၊ ထောက်ကြန့်၊  လှော်ကား  အစရှိသည့်   မြို့နယ်များသို့
မြို့ပတ်ရထားလမ်းများ   တိုးချဲ့ ဖောက်လုပ်ရန်   အစီအစဉ်ရှိ၊မရှိ မေးမြန်းခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ရထားလမ်းဖောက်လုပ်ခြင်းသည် ကုန်ကျစရိတ် များပြားသည့်အတွက်ဦးစားပေးအဆင့်များသတ် မှတ်ပြီး ထိုဦးစားပေးအဆင့်များအတိုင်းဆောင်ရွက်လျက်ရှိကြောင်း နှင့် မေးခွန်းရှင်၏ မေးခွန်းတွင် ပါရှိသည့် လမ်းကြောင်းများ တိုးချဲ့ရန်အတွက် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း ဖြေကြားသွားခဲ့ သည်။
 

No comments:

Post a Comment