သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, July 24, 2011

ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၄)

ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၄)

ဘာသာပြန်သူ -ကျော်ထင်  (အပိုင်း (၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
တောင်အမေရိကတိုက်အတွင်း ဖြစ်ပေါ်သော ငြိမ်းချမ်းရေးဆိုင်ရာ လက်တင်အမေရိကဒေသ၏ ခေတ်ပေါ်ဓလေ့ ထုံးစံသို့ ဖြစ်ပွားသော တခြား ခြွင်းချက်တစ်ခုမှာ အီကွေဒေါ (Equador) နှင့် ပီရူး (Peru) တို့အကြား ရေရှည်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုပင် ဖြစ်သည်။ အမေဇုန်နစ် (Amazonic) နိုင်ငံအဖြစ် အီကွေဒေါနိုင်ငံ၏ အဆိုပြုတင်ပြမှုအား  ပီရူးနိုင်ငံက အရှည်သဖြင့်ပင် ငြင်းဆိုလာခဲ့ပြီး ပီရူးနိုင်ငံ ပိုင်နက်နယ်မြေအတွင်း အမေဇုံဒေသအဖြစ် လုပ်ကိုင်ခွင့် အခွင့်အလမ်း ရရှိအောင် အီကွေဒေါတို့၏ ကြိုးပမ်းအားထုတ်မှုအား ပီရူးတို့က ခုခံလာခဲ့ပြီးလည်း ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် နှစ်နိုင်ငံတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုအပေါ်၌ စစ်ပွဲတိုတစ်ပွဲ ဖြစ်ပွားခဲ့ပေသည်။  ထိုစစ်ပွဲတွင် ပီရူးတို့က အီကွေဒေါတို့၏ တောင်ပိုင်းပြည်နယ်ဖြစ်သော အယ်လ်အိုရိုပြည်နယ် (El Oro province) အား ကျူးကျော်ဝင်ရောက်ခဲ့သည့်အပြင် ဒုတိယ အကြီးဆုံးမြို့ဖြစ်သော ဂွေယကွင်း (Guayaquil) မြို့အား ၀ိုင်းရံထားခဲ့ပြီးနောက် အီကွေဒေါတို့ ရူံးနိမ့်ခဲ့ပေသည်။

စစ်ပွဲဖြစ်ပွားလာနိုင်သည်ဟု စိတ်အာရုံစူးစိုက်မှုများ ဥရောပတွင် ဖြစ်ပေါ်လာခဲ့မှုများနှင့်အတူ ကမ္ဘာလုံးခြမ်းဒေသ တည်ငြိမ်ရေးအား ထိန်းသိမ်းရန် စိတ်စောနေမှုများက အမေရိကန်ပြည်ထောင်စုမှ ထိုပဋိပက္ခအား သံတမန်နည်းအားဖြင့် စနက်တံဖြုတ်ရန်အတွက် ၀င်ရောက်စွက်ဖက် လာစေခြင်းအား ဖြစ်ပေါ်စေခဲ့ပေသည်။ နှစ်နိုင်ငံစလုံးမှ အမေရိကန် ကြားဝင်ကမကထ လုပ်ပေးခဲ့သော ၁၉၄၂ခုနှစ် ရီအိုဒီဂျနေးရိုး သဘောတူညီချက် (1942 Protocol of Rio de Janeiro) အား လက်ခံခဲ့ကြရပြီး ထိုသဘောတူညီချက်က အီကွေဒေါတို့၏ အမေဇုံဆိုင်ရာ အဆိုပြုချက်အား ထိရောက်စွာ ငြင်းပယ်နိုင်ခဲ့ပေသည်။
နယ်စပ်အငြင်းပွားမှုက အနာပြည်တည်သည် အထိ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အီကွေဒေါ၏ သာမန်လူထုအကျိုးကို ရည်မှန်းသည့်ဝါဒအား ဆွဲကိုင်သူ သမ္မတ ဂျိုဆေးမာရီယာ ဗယ်လာစ်ကိုအီဘာရာ (Jose Maria Velasco Ibarra) က အီကွေဒေါနိုင်ငံသည် အာမခံပေးသည့် နိုင်ငံများဖြစ်သည့် အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စည်းကြပ် ကန့်သတ်မှု တင်စီးမှုများကို ခံနေရသောကြောင့် ၁၉၄၂ ရီအိုဒီဂျနေရိုး သဘောတူညီချက်အား တရားမ၀င်ကြောင်း လူသိရှင်ကြား ရှုတ်ချ စွပ်စွဲ ကြေညာခဲ့ပေသည်။ သို့သော်လည်း သူသည် ပယ်ဖျက်ရန်အတွက် မည်သည့် လုပ်ဆောင်မှုကိုမျှ မပြုလုပ်ခဲ့ပေ။ အနှစ် ၂၀ ခန့်အကြာ ၁၉၈၁ ခုနှစ်တွင် အငြင်းပွားမှုသည် ထပ်မံ၍ မီးတောက်လောင် လာခဲ့ပြန်ပါသည်။
ယင်းမှာ အီကွေဒေါစစ်တပ်များက ပြိုင်ဆိုင် အငြင်းပွားနေသော ဒေသအား သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး (၃) ရက်မျှသော ကာလတိုအတွင်းတွင်ပင် ပီရူး စစ်တပ်က ၄င်းအီကွေဒေါ စစ်တပ်ဖွဲ့များကို ပြန်လည်၍ မောင်းထုတ်နိုင်ခဲ့သည်။ တိုက်ခိုက်မှုများသည် ၁၉၉၅ တွင် အသစ်တဖန် ပြန်လည် ဖြစ်ပွားလာခဲ့သေးပြီး (၂) လခန့် ကြာမြင့်ပြီးနောက် အင်တာမာရာတီ ကြေညာချက် (Itamaraty Declaration ) အား လက်မှတ်ထိုးခဲ့ကြခြင်းနှင့်အတူ အဆုံးသတ်ခဲ့ကြပေသည်။ ယင်းတွင် မိုးမက်ပ် (Momep) ခေါ် အာဏာ (၄) ခုဖြင့် စောင့်ကြည့်သည့် တပ်ဖွဲ့များ  (a four –power observer force ) ဖြစ်ပေါ်တိုးတက် တည်ရှိလာခဲ့သည်၊ ထိုအချိန်ကတည်းကစ၍ နှစ်နိုင်ငံစလုံးတို့သည် အငြင်းပွားနေသော နယ်စပ်ပြဿနာအား သံတမန်ရေးနည်းလမ်းဖြင့် အဖြေရှာအားထုတ်ရန် ကြိုးပမ်းလာခဲ့ကြပေသည်။
(၂၀) ရာစုတွင် ဖြစ်ရှိခဲ့သော နယ်စပ်အငြင်းပွားမှုများအနက် လက်နက်ကိုင် ပဋိပက္ခအဆင့်အထိ ရောက်ရှိခဲ့သော နောက်ထပ်အငြင်းပွားမှု တစ်ခုမှာ အယ်လ်ဆာဗေဒို (El Salvador) နှင့် ဟွန်ဒူးရပ်စ် (Honduras) တို့အကြား ဖြစ်ပွားသော ၁၉၆၉ ဆောကာ (brief 1969 Soccer War) စစ်ပွဲတို ပင်ဖြစ်သည်။ ထိုစစ်ပွဲဖြစ်ပွားစေရန် နယ်စပ်ကိစ္စ၊ ကုန်သွယ်ရေးကိစ္စနှင့် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အငြင်းပွားမှုများက မီးထိုးပေးခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလား (Venezuela) နှင့် ကိုလံဘီယာ (Colombis) တို့အကြား ပဋိပက္ခဖြစ်နေသော မြစ်နှင့်ရေကြောင်းဆိုင်ရာ အဆိုပြုမှုများနှင့် ပတ်သက်၍ ရေတပ်ဆိုင်ရာ အော်ကျယ်ဟစ်ကျယ် အငြင်းအခုံလေး အနည်းငယ် ဖြစ်ခဲ့သော်လည်း လက်နက်ကိုင် ပဋိပက္ခအဆင့်အထိ မရောက်ရှိလာခဲ့ပေ။ ထိုကဲ့သို့သော လက်တင်အမေရိကနိုင်ငံများအကြား (၂၀) ရာစု၏ စစ်ဘက်ပဋိပက္ခမီး ပြန်လည်ထတောက် လောင်လာမှုများသည် လက်တင်အမေရိက အတွင်းတွင်သာ အချိန်၊ နယ်ပယ်အကျယ်အ၀န်းနှင့် အင်အားအရင်းအမြစ် အကန့်အသတ်များ အရသာ ဖြစ်ပွားခဲ့ပေသည်။
ယင်းသည် ၁၉၈၂ ဖောက်ကလန်စ်/မားလ်ဗွီးနာ့စ် (Falklands/Malvinas) စစ်ပွဲဖြစ်ပွားသည်အထိ မှန်ကန်ခဲ့ပေသည်။ ယင်းဖောက်ကန်စ်/မားလ်ဗွီးနာ့စ် စစ်ပွဲတခုတည်းသာ အမေရိကတိုက်များမှ အာဂျင်တီးနား (Argentina) နှင့် ဂရိတ်ဗြိတိန်တို့အကြား (Great Britain) အမေရိကတိုက်များ၏ အပြင်ဘက်မှ နိုင်ငံတစ်ခုဖြစ်သော အငြင်းပွားနေသောကျွန်းအား ထိန်းသိမ်းကန့်သတ်မှုများ ဆက်လက်ပြုလုပ်သည့် ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခ ဖြစ်ခဲ့ပေသည်။
နယ်စပ်ပိုင်ဆိုင်မှု အဆိုပြုမှုများနှင့် ပတ်သက်၍ များစွာသော သံတမန်ရေးဆိုင်ရာ အငြင်းပွားမှုများသည် အနာပြည်တည်သည်အထိ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ နီကာရာဂွာ (Nicaragua) က ကိုလံဘီယာဆန်အာဒရဲစ် (Colombia’s San Andres) နှင့် ပေ၇ာဗင်ဒဲစီရာ (Providencia) ကျွန်းများကို ၄င်းတို့ပိုင်ဆိုင်ကြောင်း အဆိုပြုတင်ပြ ပြောဆိုလာခဲ့သည်။ ဂွာတီမာလာက (Guatemala) လည်း ဘီလီဇဲနယ်မြေ (Belize’s terrority) အား ၄င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုလာခဲ့သည်၊ ထိုအချိန်က ဘယ်လီဇဲသည် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီးဖြစ်သည်။ ဗင်နီဇွဲလားကလည်း ဂူယာနာ (Guyana)၊ ထရီနီဒာ့ (Trinidad) နှင့် ထိုဘာဂို (Tobago) တို့၏ လောလောဆယ်အားဖြင့် ဆုပ်ကိုင်ထားသော နယ်မြေများအား ၄င်းတို့လည်း ပိုင်ဆိုင်ကြောင်း တင်ပြပြောဆိုလာခဲ့သည်။ ဘိုလီဗွီးယားနှင့် ချီလီတို့အကြားက ဆက်ဆံရေးသည် ပစိဖိတ်စစ်ပွဲ (War of the Pacific) ၁၈၇၉-၈၄ ပြီးကတည်းက ထာဝစဉ် ဆက်လက် တင်းမာလာနေခဲ့ပေသည်။
ထိုအချိန်က ဘိုလီးဗီးယားတို့က ၎င်း၏ ကမ်းရိုးတန်းဒေသများအား ချီလီလက်ထဲသို့ ဆုံးရှူံးခဲ့ရပြီး ၎င်းဒေသများသည် ပစိဖိတ်သမုဒ္ဒရာသို့ ချဉ်းကပ်ရောက်ရှိသည့် အချုပ်အခြာ နယ်မြေများဖြစ်၍ လွမ်းဆွတ် နေခဲ့သောကြောင့် ထိုကဲ့သို့ ဆက်လက် တင်းမာနေခဲ့ခြင်းလည်း ဖြစ်ပေသည်။

No comments:

Post a Comment