သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, July 24, 2011

ကွဲပြားခြားနားသော လက်တင်အမေရိက နိုင်ငံများ - အပိုင်း (၃)

ကွဲပြားခြားနားသော လက်တင်အမေရိက နိုင်ငံများ - အပိုင်း (၃)

ဘာသာပြန်သူ - ကျော်ထင်  (အပိုင်း (၂) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

တောင်အမေရိကနိုင်ငံများမှ တချို့သော စစ်အစိုးရများသည် ၁၉၆၀ ခုလွန်နှစ်များနှင့် ၁၉၇၀ ခုလွန် နှစ်များအတွင်း အခြေအမြစ်မှစ၍ ပြုပြင်ပြောင်းလဲသော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ မူဝါဒအသစ်များ ချမှတ်ဆောင်ရွက်ခဲ့သည် ဆိုသော်ငြားလည်း အများစုမှာ အတိတ်ကာလကို ပြတ်ပြတ်သားသား ချိုးဖျက်ဆောင်ရွက်သော အခြေခံအုတ်မြစ် တည်ဆောက်ရေး အစိုးရများ (foundational regimes) အဖြစ် ၄င်းတို့ကိုယ်ကို၎င်းတို့ ပုံမဖေါ်ကြပေ။ အမှန်တကယ်အားဖြင့် ဆိုရလျှင် သူတို့ကိုယ်တိုင်က မှန်ကန်ကြောင်း ထုတ်ဖေါ်ပြသ ပြောဆိုမှုများနှင့် တရားဝင်မှု ဆိုသည်ကို ဒီမိုကရက်တစ် အုပ်ချုပ်ရေးအား လက်တွေ့ကျကျ တတ်နိုင်သမျှ စောနိုင်သမျှ စောစောပြန်လည် တည်ဆောက်ရန်ဆိုသည့် ၄င်းတို့၏ ကျမ်းကျိန်ပြောဆိုမှု အပေါ်တွင် မှီတည်နေပေသည်။ ထို့အပြင် သူတို့သည် သူတို့ကိုယ်ကိုသူတို့ ဒီမိုကရက်တစ်အစိုးရ၏ အမြဲတမ်း တခြားနည်းလမ်းတစ်ခု (permenant alternative) အဖြစ် မကြည့်မြင်ပေ။



ဘရာဇီးနိုင်ငံ သမ္မတ ဂျူအန်မာရီယာဘော်ဒါဘယ်ရီ (Juan Maria Bordaberry) (၁၉၇၁-၇၆) သည် ၁၉၇၆ ခုနှစ်တွင် အထက်ပါကဲ့သို့ အခြေခံကျကျ ပြုပြင်ပြောင်းလဲသော နိုင်ငံရေးစနစ်ကို တည်ထောင်ရန် ကြိုးပမ်းခဲ့ပေသည်။ သို့သော်လည်း ဘရာဇီးနိုင်ငံ မျဉ်းတလျှောက်တွင် အကန့်အသတ်ရှိသော ဒီမိုကရေစီစနစ်ကိုသာ ကြိုက်နှစ်သက်ခြင်း ရှိသောကြောင့် လက်နက်ကိုင်တပ်ဖွဲ့များက သူ့အား အာဏာနေရာမှ ဖယ်ရှားခဲ့ပေသည်။ ချီလီအာဏာရှင် သြဂတ်စတိုပီနိုချေးသည်လည်း ချီလီ၏ သမားရိုးကျ ဒီမိုကရက်တစ်စနစ်အား အစားထိုးရန် အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့် အစိုးရအား တည်ဆောက်ရန်ဟု ပြောဆိုခဲ့ပေသည်။ သို့သော်လည်း ၄င်းတွန်းထိုးပြောဆို ဆောင်ရွက်ခဲ့သော ၁၉၈၀ အခြေခံဥပဒေက အဆိုပါ အခြေခံကျကျ ပြုပြင်ပြောင်းလဲသော အစိုးရ တည်ဆောက်ရေးဆိုသော အစီအစဉ်အား ကဖျက်ကယက် လုပ်ခဲ့သည့် တရားဝင်လုပ်ငန်း လမ်းညွှန်ဘောင်များကို ချမှတ်ခဲ့ပေသည်။

တိုင်းပြည်၏နောက်ပိုင်းတွင် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ပြန်လာရေးအတွက် အခြေခံလုပ်ငန်း လမ်းညွှန်မှုများကို ချမှတ်ခဲ့ပေသည်။ ဒီမိုကရက်တစ် အစိုးရ၏ တာရှည်ခံသော တခြားနည်းလမ်းတစ်ခုကို တည်ဆောက်ရန် စစ်ဘက်တို့၏ ဆန္ဒရှိမှု၊ မရှိမှုက နောက်ဆုံးတွင် ဒီမိုကရေစီ စံနှုန်းများ ရှောင်လွှဲမရစွာဖြင့် ပြန်လာခြင်းကို ပြုလုပ်ခဲ့ပေသည်။ ယေဘူယျအားဖြင့် ပြောရလျှင် နိုင်ငံ၏အကြပ်အတည်း ကာလများတွင် ပြည်သူများ စည်းမျဉ်းစည်းကမ်းလိုက်နာရေး (public order) ကို ထူထောင်ရန်နှင့် အချင်းများ ရန်ဖြစ်နေသော နိုင်ငံရေးအင်အားစုများ အကြားမှ ပဋိပက္ခအား အလွန်အကျွံ မဖြစ်အောင် ထိန်းပေးရန်တို့အတွက် စစ်တပ်ဖွဲ့များသည် နိုင်ငံရေးလောကမှ တော်တော်နှင့် မစွန့်ခွာနိုင်ဘဲ စစ်တန်းလျားများကို ချန်ထားခဲ့ကြပေသည်။ စစ်တပ်ဖွဲ့များက နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်ရန် အတင်းအကြပ် အကြောင်းအရင်း ဖြစ်စေသော ပဋိပက္ခအကြပ်အတည်းများ ဖြစ်ပေါ်ရှုပ်ထွေးလာသည့်အခါ စစ်ဘက်အုပ်ချုပ်ရေး ဆက်လက်ဖြစ်ပေါ်ရေးအတွက် မှန်ကန်ကြောင်း သက်သေပြကြပြန်ပေသည်။ ထိုကြောင့် ၁၉၈၀ ခုလွန် နှစ်များတွင် လက်တင်အမေရိက စစ်ဘက်အစိုးရ အားလုံးလိုလိုက လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခံရသူများအတွက် လမ်းပေးခဲ့မှုများသည် ရှားရှားပါးပါးပင် အံ့သြစရာ ကောင်းခဲ့ပေသည်။    

ငြိမ်းချမ်းရေးဇုံ

၂၀ ရာစုအတွင်းက လက်တင်အမေရိက နိုင်ငံများသည် နယ်စပ် ဖြတ်ကျော်ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခများနှင့် နပန်းလုံး နေခဲ့ပြီးဖြစ်သည်။ ခြွင်းချက်တစ်ခုမှာ ၁၉၃၀ မှ ၁၉၃၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ချာကိုးစစ်ပွဲ (Chaco War) ပင်ဖြစ်သည်။ ထိုစစ်ပွဲတွင် ဘိုလီးဗွီယား (Bolivia) နှင့် ပါရာဂွေး (Paraguay) တို့အကြား မိုးခေါင်၍ ခြောက်သွေ့ကာ လူနေကျဲပါးသော ဒေသအား ထိန်းချုပ်ရန်အတွက် ကြိုးပမ်းကြရင်းမှ တိုက်ခိုက်ခဲ့ကြသော စစ်ပွဲဖြစ်သည်။ ၄င်းတို့၏ ရည်ရွယ်ချက်မှာ ရေနံထွက်ရှိမည်ဟု အရံရေနံတွင်းများ ထိုဒေသတွင် ရှိမည်ဟု ထင်မြင်ခဲ့၍ (နောင်ထွက်ပေါ်လာမှုများအရ မှားယွင်းသည်ဟု ဆိုနိုင်သော) တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဘိုလီးဗီးယားတို့၏ ရှူံးနိမ့်မှုက အလယ်အလတ်ကျသော ၄င်း၏အစိုးရအား အစိတ်စိတ် အမွှာအမွှာ ဖြစ်သွားစေခဲ့ပြီး လက်ဝဲနှင့်လက်ျာ နှစ်ဖက်စလုံး၏ သက်တမ်းတိုသော စစ်ဘက်အစိုးရအား အာဏာ ရရှိလာစေခဲ့ပေသည်။ ရေရှည်တွင် ထိုရှူံးနိမ့်မှုက ၁၉၅၂ တွင် ပေါ်ပေါက်ခဲ့သော အမျိုးသားတော်လှန်ရေးအား လမ်းခင်းပေးခဲ့ပြီး ပို၍နိမ့်ကျသော လူတန်းစားများအတွက် ဒီိမိုကရေစီကို ချဲ့ထွင်ပေးခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ပြောရလျှင် စစ်ပွဲပြီးနောက် စစ်အာဏာသိမ်းခဲ့သည်။ စစ်ပွဲအောင်နိုင်ခဲ့မှုမှ ရရှိခဲ့သော သြဇာတိက္ကမက အာဏာကို ဆုပ်ကိုင်ထားနိုင်ရန်အတွက် အကူအညီပေးခဲ့သည်။ နောက်ဆုံးတွင် ရှည်လျားသော ဗိုလ်ချုပ်ကြီး အယ်လ်ဖရက်ဒို စထရောစနာ (General Alfredo Stroessner) (၁၉၅၄-၈၉) အာဏာပိုင်အစိုးရအား ပေါ်ပေါက်သွားစေနိုင်ခဲ့ပေသည်။

No comments:

Post a Comment