သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, July 24, 2011

ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း ( ၆ )

ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း ( ၆ )

ဘာသာပြန်သူ - ကိုကျော်ထင်   (အပိုင်း ( ၅ ) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
အာဏာရှင်စနစ်မှဒီမိုကရေစီသို့
လက်တင်အမေရိကနိုင်ငံရေးတွင် စစ်ဘက်တို့၏ ပါဝင်စွက်ဖက်မှုသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပျက်ခဲ့ပေသည်။ အများစုသည် “ဖွဲ့စည်းပုံကျပုံစံ” “institutional model” အဖြစ်နှင့်ဖြစ်ပျက်ခဲ့ပေသည်။ ဤဖွဲ့စည်းပုံကျပုံစံတွင် လက်နက်ကိုင်တပ်ဖွဲ့များက အဖွဲ့အစည်းပုံစံ တခုအဖြစ်နှင့် အစိုးရ၏ အာဏာများကို သိမ်းပိုက်ကာ ကိုင်တွယ်ကျင့်သုံးခြင်းပင်ဖြစ်သည်။ မကြာသေးမီက ဖြစ်ပျက်သော ဥပမာများတွင် အီကွေဒေါ (၁၉၇၂-၇၉) ဘရာဇီး (၁၉၆၄-၈၄) အာဂျင်တီးနား (၁၉၇၆-၈၃) နှင့် ဥရုဂွေး (၁၉၇၃-၈၄) တို့ ပါဝင်ပေသည်။ ကိစ္စတခုစီတွင် အစိုးရအဖွဲ့ဝင် တသီးပုဂ္ဂလများသည် သြဇာအာဏာနှင့် ထိန်းချုပ်နိုင်မှုတို့တွင် သူတို့၏ လုပ်ဖေါ်ကိုင်ဖက်များထက် မြင့်တက်အောင် ကြိုးစားခဲ့သော်ငြားလည်းပဲ ထိပ်ပိုင်းအစိုးရ အရာရှိများပါဝင်သော အစိုးရတရပ်အားဖြင့် ပူးတွဲအာဏာကို ကျင့်သုံး ခဲ့ကြပေသည်။

တခြားသော လက်တင်အမေရိက နိုင်ငံများသည် စစ်အုပ်ချုပ်ရေးအား "တသီးပုဂ္ဂလပုံစံ" "personelist mode” အားဖြင့် တွေ့ကြုံခဲ့ကြပြီး ဖြစ်သည်။ ဤကိစ္စတွင် လက်နက်ကိုင် တပ်ဖွဲ့များသည် ၄င်းတို့၏ခေါင်းဆောင်ဖြစ်သော အာဏာရှင်အား အထောက်အကူပြုသည့် အဖွဲ့အစည်းတရပ် အသွင်ဖြင့်ရပ်တည်ကာ သူတို့၏နိုင်ငံရေး အခန်းကဏ္ဍကို ကန့်သတ်ခဲ့ပေသည်။ စပိန်အာဏာရှင် ဖရန်စစ်ကိုဖရန်ကို (Francisco Franco) (၁၉၃၉-၁၉၇၅) နှင့် ချီလီအာဏာရှင် ဗိုလ်ချုပ်ကြီး အောဂတ်စတိုပီနိုရှေး (General Augusto Pinochet) (၁၉၇၃-၈၉) တို့ လက်ထက်တွင် ဖြစ်ပွားခဲ့သော ပုံစံများသည် အကောင်းဆုံးဥပမာများပင် ဖြစ်သည်။ ၁၉၅၄ နှင့် ၁၉၈၉ အကြား ဗိုလ်ချုပ်ကြီး အဲလ်ဖရက်ဒို စထရော်ရက်စနာ General Alfredo Stroessner လက်အောက်၌ ပါရာဂွေးတွင် မက်က်ခ်ဆ်ဝီဘာ် ( Max Weber) က အဓိပ္ပါယ်ဖွင့်ဆိုခေါ်ဝေါ်သော "အစိုးရက အုပ်ချုပ်ခံသူများအား ရုပ်ဝတ္ထူပစ္စည်းအကူအညီပေးပြီး ထိုရုပ်ဝတ္ထုပစ္စည်း လက်ခံသူများထံမှ အစိုးရက အပြန်အလှန်အားဖြင့် သစ္စာရှိမှုနှင့် နာခံမှုပြန်လည်ရယူကာ အစိုးရက အာဏာရယူဆွဲကိုင်သော အစိုးရ” တမျိုးရှိခဲ့ပေသည်။ ပနားမားတွင် ဗိုလ်ချပ်ကြီး အိုမာတိုရီဂျို့စ် (General Omar Torrijos) (၁၉၆၈-၈၁) နှင့် ထိုနောက်ဖြစ်သော ဗိုလ်ချုပ်ကြီး မက်နူရယ်အန်တိုနီယိုနိုရီရေးဂါး (General Manuel Antonio Noriega) (၁၉၈၂-၈၉) တို့က ထိုကဲ့သို့သော အလားတူအာဏာရှင်အစိုးရများကို ဦးဆောင်ခဲ့ပေသည်။ စစ်ဘက်တို့သည် ထိုအစိုးရနှစ်ရပ်စလုံး၌ အထက်တွင် တင်ပြခဲ့သော အဖွဲ့အစည်းအဖြစ် တက်ကြွစွာ ပါဝင်ခဲ့ပေသည်။ ဟေတီမှ လက်နက်ကိုင်တပ်ဖွဲ့များသည် ဗိုလ်ချုပ်ကြီး ရောင်းစီဒရာစ် General Raoul Cedras အုပ်ချုပ်ခဲ့သည့် ၁၉၉၁ နှင့် ၁၉၉၄ ကာလအတွင်း ထိုကဲ့သို့သော အသွင်အဖြစ် ရှိခဲ့ပေသည်။
တခြားသော လက်တင်အမေရိက အစိုးရများသည် ထိုပုံစံနှစ်မျိုးအကြားရှိ တစုံတရာသော အခြေအနေမျိုးတွင် ကျရောက်ခဲ့သည်လည်း ရှိသလို တမျိုးမှတမျိုးသို့ တဖြည်းဖြည်း ဖြစ်ပေါ် တိုးတက်ပြောင်းလဲသွားသည်လည်း ရှိပေသည်။ ဥပမာအားဖြင့် ပီရူးတွင် စစ်အစိုးရသည် ၁၉၆၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး အစပထမပိုင်းတွင် အဖွဲ့အစည်းဆိုင်ရာအရ (institurional) ထက် ပုဂ္ဂိုလ်ဆိုင်ရာအရ (personalist) ကပို၍ ဖြစ်ပျက်ခဲ့ပေသည်။ လက်နက်ကိုင်တပ်ဖွဲ့များသည် တဦးတည်းသောခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂျူအန်ဗာလက်စ်ကို အာလ်ဗာရာဒို (General Juan Velasco Alvarado) ကို ဆရာတင် လွှဲအပ်ထားပေသည်။ များစွာသော တခြားသော စစ်ဘက်အရာရှိများသည် ကက်ဘိနက် အစိုးရ၀န်ကြီးများအဖြစ်၎င်း၊ ပြည်သူ့စီးပွားရေးလုပ်ငန်းဒါရိုက်တာများ အဖြစ်၎င်း၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ အလယ်အလတ်အဆင့် စီမံခန့်ခွဲသူများအဖြစ်၎င်း သြဇာလွှမ်းမိုးသော နိုင်ငံရေးရာထူးနေရာများကို ရယူဆွဲကိုင်ခဲ့ပေသည်။ ၁၉၇၅ ခုနှစ်တွင် ပုဂ္ဂိုလ်ရေး အရဦးဆောင်သော ဗာလက်စ်ကိုအစိုးရသည် ပို၍အဖွဲ့အစည်းပုံအရ လုံးလုံးဖြစ်သွားသည့် စစ်ဘက်အစိုးရအား လမ်းပေးခဲ့ပေသည်။ ဗိုလ်ချုပ်ကြီး ဖရန်စစ်စကိုမော်ရေးစ်ဘာမူဒက်ဇ် (General Francisco Morales Bermudez) ဦးဆောင်သော ထိုအစိုးရသည် မကြာမီကာလမှာပင် ဒီမို ကရက်တစ်အုပ်ချုပ်ရေးအား ဖြစ်ပေါ်သွားစေခဲ့သည့် အသွင်ကူးပြောင်းမှုတခုကို စတင်လုပ်ဆောင် ခဲ့ပေသည်။

၁၉၇၀ ခုလွန် နှောင်းပိုင်းနှစ်ကာလများအတွင်း အမေရိကန်အစိုးရသည် နိုင်ငံခြားရေး မူဝါဒလမ်းညွှန်မူဝါဒ အသစ်အား ချမှတ်ခဲ့ပေသည်။ ထိုမူဝါဒအသစ်သည် လက်တင်အမေရိက နှင့် အခြားသောနေရာများတွင် နောက်ဆက်တွဲဖြစ်ပေါ်စေသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုအား ကူညီဖြစ်ပေါ်စေခဲ့ပေသည်။ လူ့အခွင့်အရေးအား လေးစားရေးဟူသည် သမတဂျင်မီကာတာ၏ နိုင်ငံခြားရေးမူဝါဒအသစ်၏ အဓိကမှတ်ကျောက်ဖြစ်လာခဲ့ပြီး တစုံတခုသော လက်တင်အမေရိက တခုခုအား အကူအညီပေးရေး အတွက်စဉ်းစားရာတွင်လည်း အဓိကလက္ခဏာသတ်မှတ်ချက်ဖြစ် လာခဲ့ပေသည်။ ထိုမူဝါဒရေးရာအပြောင်းအလဲသည် ဆက်သွယ်ရေးနည်းပညာနယ်ပယ်မှ အကြီးအကျယ် တိုးတက်ပြောင်းလဲမှုများနှင့်အတူ ဖြစ်ပေါ်ခဲ့ပြီး ထိုမူဝါဒအသစ်၏ သက်ရောက်မှုကို လည်းဖြစ်ပေါ်စေခဲ့ပေသည်။
သို့သော် ကာတာအုပ်ချုပ်ရေးအဖွဲ့သည် လက်တင်အမေရိကတလျှောက်လုံးတွင် ရှိနေသော အာဏာရှင် အစိုးရအားလုံးလိုလိုသို့ ထိုမူဝါဒအသစ်အား ညီမျှစွာ ကျင့်သုံးခဲ့သည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် ဗဟိုအမေရိကတွင် ဆိုဗီယက်ထောက်ခံအားပေးသည့် ကွန်မြူနစ်သူပုန်များနှင့် စစ်အစိုးရများ ဖြစ်ပျက်ခဲ့သော နိုင်ငံတကာဆိုင်ရာအရဖြစ်သည့် ပြည်တွင်းစစ်များတွင် စစ်အစိုးရများအား အမေရိကန်အစိုးရသည် အကူအညီပေးလေ့ ရှိခဲ့ပေသည်။ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ်နှင့် လူ့ခွင့်အရေးလေးစားရေး မူဝါဒများကို အမေရိကန်အစိုးရသည် တောင်ပိုင်း လက်တင်အမေရိကနိုင်ငံများ အပေါ်တွင်သာ ပို၍အလေးပေး ဆောင်ရွက်ခဲ့ပေသည်။ ထိုနိုင်ငံများသည် ၄င်းတို့နှင့်အလားတူ ဗဟိုအမေရိကနိုင်ငံများထက် လက်ဝဲ၀ါဒီများ လုပ်ဆောင်သော အဖျက်အမှောင့်လုပ်ငန်းများ၏ ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုများကို ပို၍နည်းပါးစွာသာ ရင်ဆိုင်ခဲ့ရပေသည်။ တောင်ပိုင်းလက်တင်အမေရိက စစ်အစိုးရများ၏ လူ့အခွင့်အရေးချိုး ဖေါက်မှုများအပေါ် အမေရိကန်အစိုးရ၏ ဝေဖန်မှုများသည် ထိုအစိုးရများအား အထီးကျန်ဖြစ်သွား စေအောင် ကူညီနိုင်ခဲ့ပြီး နောက်ဆုံးတွင် ထိုခေါင်းဆောင်များအား အရွေးချယ်ခံရသော အာဏာဆက်ခံသူများအား အာဏာလွှဲပြောင်းပေးလာအောင် စည်းရုံးဆွဲဆောင်နိုင်ခဲ့ပေသည်။
လက်တင်အမေရိက ဒီမိုကရက်တစ် အစိုးရအသစ်များသည် သူတို့အရင်အာဏာအဆင့်ဆင့် ဆက်ခံရယူခဲ့သော အာဏာရှင်များက အမွေထားရစ်ခဲ့သည့် ဆက်လက်ဖြစ်ရှိနေသော ပြဿနာရပ်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။ ဤအာဏာရှင်များ၏ အမွေအနှစ်တို့အနက် ပြည်သူတို့၏ မှတ်ဥာဏ်အစုပေါင်း (collective memory) တွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများသည် အသစ်လိုမျိုးပင် ဆက်လက်၍ လတ်လတ်ဆတ်ဆတ်ပင် မှတ်မိသလိုမျိုး ဖြစ်နေသော တစုံတခုသော ပြဿနာရပ်များတွင် ထိုကဲ့သို့ ကျူးလွန်ခဲ့မှုများအတွက် တာဝန်ရှိမှုများအား တရားဝင်အားဖြင့် လွတ်ငြိမ်းခွင့် ဥပဒေများဖြင့် အပြစ်ဖြေပေးခြင်း လွတ်ငြိမ်းခွင့်ပေးခြင်းများ ပြုလာခဲ့တာတောင်မှ ပြဿနာများ ဆက်လက်ရှိနေဆဲ ဖြစ်ပေသည်။

No comments:

Post a Comment