ဘာသာပြန် အပိုင်း(၂) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism
ဘာသာပြန် အပိုင်း(၂)
George Novack’s Understanding History: Marxism Versus Existentialism (ဘာသာပြန်)
အားလုံးနဲ.ဆိုင်၊ ယူနီဗာဆယ် ဖြစ်တဲ. ရုပ်ကမ္ဘာ ဖြစ်ပေါ်ပြောင်းလဲဖြစ်စဉ်တွေ မှာ ၁-ယုတ္တိကျကျ ဆင်ခြင်ဥာဏ် အသုံးချနိုင်ခွင်. (rationality)ပါတယ်။ ၂-သေခြာပေါက် ဖြစ်တတ်တဲ.တရား(determinism) ပါတယ်၊၃- အကြောင်းရှိလာလို.အကျိုးဖြစ်နေခြင်း ဆိုတဲ. (causality) ဒါတွေ ကပြဌာန်းပါဝင်နေပြီး ….ဒီလို
ဓမ္မဓိဌာန်ကျတဲ. ကြောင်းကျိုး ဖြစ်စဉ်က မည်သည်.အရာကိုမှ အကြောင်းအကျိုးနိယာမ ဥပဒေက လွန်မြောက်တယ်လို. ခြွင်းချက်ထား သတ်မှတ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီ.အပြင် ကြောင်းကျိုးဆက်စပ်သဘာဝ တရားက …. မတော်တဆ တိုက်ဆိုင်မှု (accident) ၊ကမောက်ကမဖြစ်နေမှု (absurdity) ၊ ဖြစ်ခြင်းမဖြစ်ခြင်း မသေခြာမှု ( indeterminism) ၊ ဒါတွေရဲ. အရေးကြီးမှုကိုပါအသိအမှတ်ပြုတယ်။ ထည်. စဉ်းစားတယ်။ (ဒီတော. ကြောင်းကျိုးဖြစ်စဉ်မှာ Accident- Absurdity တွေလည်း ခြွင်းချက်မရှိ ပါဝင်နေတယ်။)
အရှိတရား reality ထဲမှာ မတော်တဆ ဖြစ်မှု သို.မဟုတ် တိုက်ဆိုင်မှု တွေရှိတယ်။ ပုံမှန်ဖြစ်နေကျအခြင်းအရာ regularity တွေက ပိုများတယ်။ ဘယ်လိုနည်းနဲ.တွက်တွက် မတော်တဆကိစ္စတွေက၊ ပုံမှန်အကြောင်းအရာတွေထက် ပိုကဲပြီး အခြေခံကျနေဖို.ဆိုတာ လုံးလုံး မဖြစ်နိုင်ဘူး။ (ဖြစ်တည်မှုသမားတွေက ) မတော်တဆကိစ္စ တွေကို သဘာဝတရား နဲ.မဆိုင်၊ သမိုင်း နဲ. မဆိုင် တဲ. အစိတ်အပိုင်းတွေပါလို. သီးသန့် ဖယ်ထားချင်ကြတယ်။ ဒါပေမဲ. ဒီလိုလုပ်လိုက်တာနဲ.၊ သမိုင်းကြောင်းကို ထုတ်ပယ်ငြင်းလေတဲ. ဆိုင်ရာသီဝရီ (ဖြစ်တည်မှု အယူအဆ) ကပဲ ၊သူ ပြောင်းလဲလာတဲ.အရွေ.လမ်းကြောင်းပေါ်မှာ သူ.မူလအဆိုကို ပြန်ဖျက်တဲ.ဆန်.ကျင်ဖက် သို.မဟုတ် ၀ိရောဓိတရား ဖြစ်လာပြန်တယ်။
ဥပမာပြောရလျှင် မတော်တဆကိစ္စ၊ သို.မဟုတ် တိုက်ဆိုင်မှု ဆိုတာတွေဟာ၊ သမိုင်းလိုအပ်ချက်မရှိဘူး၊ မလိုအပ်ပါဘူးလို. ဆိုနေကြပေမဲ. ၊ သူတို. သက်သေမပြနိုင်တော.၊ ဒီသဘောက လုံးဝမမှန်ဘူး ဖြစ်ပြန်တယ်။ ဒီတော.ကာ … သမိုင်းကို လိုကို မလိုပါဘူး (anti-thesis of necessity) လို. ပြောနေတဲ.အဆို ကိုသာ ဗြောင်းပြန် ယူလိုက်ကြရမယ်။ ဆိုပါစို. ..သူတို.ပြောသလို အရာအားလုံးဟာ တိုက်ဆိုင်မှု တွေချည်းဆိုပေမဲ.၊ ဒီမတော်တဆကိစ္စ တွေမှာလည်း သူ. ဆိုင်ရာနိယာမဥပဒေသ တွေ ရှိနေတာကိုငြင်းကြမှာလား။ ဖြစ်သမျှ မတော်တဆအမှု တွေဟာ စာရင်းကိန်းဂဏန်းကြီးများ ချပြလို. ရအောင်အကြိမ်ကြိမ်၊ အလီလီ် ပုံမှန်ဖြစ်လာခဲ.တယ်။ ဒါကြောင်.မို.သာ ကွမ်တမ် အရွှေ.ရူပဗေဒဆရာတွေ၊ အသက် အာမခံစီးပွားရေးလုပ်ငန်းရှင်တွေဟာ လူတဦးစီ၏ မတော်တဆအမှုတွေကို ကြိုတွက်ချက်နိုင်ခဲ.တယ်။ ပြီးတော. အက်ဆိဒန်.တွေကို အရင်းပြုပြီး အကျိုးအမြတ်ရှိတဲ. စီးပွားရေး လုပ်ငန်းကြီးတခုလုံးရဲ. လိုအပ်ချက်တွေဖြစ်လာအောင် ပြောင်းလဲ နိုင်ခဲ.တယ်။
ဒီတော.ခြွင်းချက်ဆိုတာ လောကမှာမရှိပဲ၊ အဖြစ် အနည်းဆုံးဖြစ်ရပ်လို.သာ ပြန်ဆိုလို.ရမယ်။ လူ.အဖွဲ.အစည်းတရပ်၏ စီးပွားရေးဖွံ.ဖြိုးမှုကို ကြည်.လျှင်၊ တိုက်ဆိုင်မှု နှင်. လိုအပ်ချက်(accident & necessity) ရောမွှေ ကစားပြီး၊ ခြွင်းချက်တွေကို လိုရာဥပဒသပြုခဲ.သော အဖြစ်တွေချည်းတွေ.ရပါလိမ်.မယ်။ အကြိမ်များသထက်များလာတဲ. မတော်တဆမှုတွေက နေ၊ ယခင်အားကောင်းခဲ.တဲ. လည်ပတ်အုပ်ချုပ်မှုတမျိုးအတွက် နည်းနာပြဌာန်းချက် တွေ ဖြစ်အောင်လုပ်နေကြတာချည်းသာဖြစ်တယ်။
တောနေတောင်နေ လူမျိုးစုအနွယ်တွေအတွက် ကိုယ်စားဖို. ကိုယ်.လက်နဲ. တနိုင်စာ အနည်းအကျဉ်း ကုန်ထုတ်လုပ်တာမျိုးကသာ ထုံးစံ norm ဖြစ်တယ်။ အခြားတယောက်ယောက် စီက ပစ္စည်းနဲ. လဲလှယ်ဖို. ထုတ်လုပ်ရပြီဆို ဒီလိုထုပ်လုပ်ခြင်းဟာ တောတောင်နေသူတွေအတွက် ရှားပါးသောဖြစ်ရပ်၊ ပုံမှန်ထုံးစံမဟုတ်ဘူး။ ပစ္စည်းချင်းလဲလှယ်ရမဲ.အကြောင်း၊ တွန်းအားရှိလို.သာ ဖြစ်လာရတဲ. အကျိုးဆက်ဖြစ်တယ်။ အရင်းရှင် စနစ်အောက်မှာတော. ဈေးကွက်အတွက် ပစ္စည်းတွေ အများကြီးထုတ်လုပ်ရောင်း စားခြင်းကသာ ထုံးစံဖြစ်တယ်။ ဈေးကွက်အခြေခံ လိုအပ်ချက်မှ ဆိုင်ရာဥပဒေဖြစ်လာတယ်။ ကိုယ်.တနိုင် ထုတ်လုပ်မှုဆိုတာက အရင်းရှင် စနစ်အောက်မှာ ထုံးတမ်းစဉ်လာမဟုတ်ဘူး။ ဒါကြောင်. တောနေတောင်နေ လူမျိုးနွယ်တွေ၏ အခြေခံလိုအပ်ချက်ဟာ နောက်စီးပွားရေးစနစ်၏ အမြတ်အစွန်းဖြစ်လာတယ်။ ဒီ.အပြင် ပထမစီးပွားရေးစနစ်ကနေ၊ အခွင်.အလန်းနဲ.လူ.လိုအပ်ချက်ကို ပေါင်းစပ်ပြီးတည်ထားတဲ. စီးပွားရေးကြီးအဆင်. စီကို အသွင်ပြောင်းတဲ.ဖြစ်စဉ် ကြောင်. တည်နေရာတွေလည်းပြောင်းလဲကုန်ကြတယ်။ စီးပွားရေးစနစ်တွေ မှာ တခုထဲ နောက်တခုကတိုးဝင်လို. အသွင်ပြောင်းပေးရတာမျိုးလည်းရှိတယ်။ ရလဒ်အနေနဲ. လူမှုဘ၀ အစီအစဉ်တွေလည်းအကုန်လိုက်ပြောင်းပေးရတယ်။
လိုအပ်ချက်အရ ယုတ္တိကျကျ ဖြစ်တည်နေတဲ. ယခင်က လူ.အဖွဲ.အစည်းတွေဟာ တစုံတရာသော သမိုင်းအဖြစ်အပျက်တွေ အောက်ကိုရောက်မှ ကမောက်ကမဖြစ်လာတယ်။ စီးပွားရေးဖွံ.ဖြိုးမှု လှေခါးပေါ်မှာ အောက်တထစ်က အပေါ်နောက်တထစ်စီ ရောက်အောင် မလှမ်းနိုင်ခင်မှာ လူ.အဖွဲ.အစည်းတွေ ဟာ (အချို.သော သမိုင်းဖြစ်ရပ်များကြောင်.) ရပ်တန်.ခဲ.ရတယ်။ ရှေ.ဆက်တိုးတက်ဖို.ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော.ဘူး။ ဒီအဆင်.မှာ အကြွင်းအကျန် အမှိုက်တွေသာ ကျန်ခဲ.မယ်။ ကျေးပိုင်ကျွန်ပိုင်မြေရှင်ပဒေသရာဇ်ခေတ် မှာလည်း သူ. ဆိုင်ရာ ဆိုင်ရာ လူမှုကုန်ထုတ်လုပ်ငန်း social production ရဲ. လက်စ ခြေစ၊ စွမ်းပကားတွေ ရှိခဲ.တယ်။ သည်လိုနဲ. မြေရှင်ပဒေသရာဇ် စနစ် လူမှု ဆက်ဆံရေးဟာ၊ နောက်လှေခါးထစ်မှာ သူ.ထက် ပိုပြီး ပါဝါကြီးအားကောင်းတဲ.၊ သူ.ထက် လူမှုကုန်ထုတ်လုပ်မှု မှာ ပိုတတ်စွမ်းတဲ.၊ ဧရာမအပြောင်းအလဲကြီးတွေကို ဖေါ်ဆောင်နိုင်တဲ.၊ ငွေရှင်ကြေးရှင်ဘူဇွာလူတန်းစားအတွက် လမ်းဖွင်.ပေးခဲ.ရတာဖြစ်တယ်။ (ကျွန်ပိုင်မြေပိုင်ပဒေသရာဇ် စီးပွားရေးက ဘူဇွာ ခေတ်စီးပွားရေး သို.ပြောင်းလဲမှုမှာ၊ အချိန်နှင်.တကွ ရှေ.နောက်ဖြစ်ပျက်မှု သမိုင်းကဏ္ဍကို ထည်းမစဉ်းစားနိုင်ကြဖူးဆိုလျှင်၊ ဒန်ကွီဆုတ်ဝတ္ထု ထဲကဇတ်ကောင် idealist စံပြ သူရဲကောင်း သူစိတ်လာတဲ.အချိန်၊ သူကြိုက်တဲ.အချိန် ရောက်မှ ဖြစ်ပျက်ရှေ.နောက် ချိတ်ဆက်မှု ကို ရွေးချယ်စရာမလိုပဲ၊ ကြိုက်တဲ.ရာစုနှစ်မှာ သမိုင်းဖြစ်ပေါ်နေသလိုသာ ဖြစ်နေရမယ်။)
ဒီတော. ..သူတို.ရဲ. ထိန်းမရ၊သိမ်းမရ၊ ကမောက်ကမ တိုက်ဆိုင်မှုတွေထဲက လုံးဝဥဿုံ အမှန်ဆိုတဲ. (an eternal absolute) ကို လှည်.ထုတ် နေကြတာမို.၊ မာ.က်စ်ကျောင်းထွက်တွေက ဖြစ်တည်မှုသမားတွေ မှားလှချေလား ဟု ပြောကြတယ်။ ဖြစ်တည်မှုသမားတွေ သူတို.ကိုယ်တိုင် ပြောင်းလဲမှု ဖြစ်စဉ်မှာ ပြုပြင်ခံနေရတယ်။ သူတို.ပါ ပြောင်းလဲနေတဲ. အစိတ်အပိုင်းတွေ ဖြစ်တယ်။ သူတို.ဒဿနဖြစ်တဲ.ဖြစ်တည်မှု၊ ဖြစ်နေမှု (Being) ကတခုပြောင်းလျှင် လိုက်ပြောင်းပေးရတဲ. အရာ (just a variable)သက်သက်မျှသာ။ ဒါကြောင်. Variable တခုသာဖြစ်တဲ. ဘ၀၊ ဖြစ်တည်မှု၊ ရလဒ်ရှိမရှိမသေခြာတဲ.existence က ဘယ်လိုနည်းနဲ. တရားသေ၊ထာဝရမှန်သောအရာ ဖြစ်လာနိုင်ပါ.မလဲ။
ဒီတော. ပကတိအစစ်အမှန်တရား reality ကို သိပ္ပံနည်းကျ ကြည်.တဲ.နေရာမှာ မာ.က်စ် အဘိဓမ္မာနဲ.ဖြစ်တည်မှုဒဿန ဟာ လုံးလုံးလျားလျား အမြင်မတူခဲ.ကြပါဘူး။ ယူပုံမတူတော. ကနဦးကစ၍ အယူအဆ ၂ခု ပဋိပက္ခဖြစ်ကြတယ်။ မာ.က်စ် အဘိဓမ္မာအရ Reality & Social Relations ပကတိတရား နဲ. လူမှုဆက်ဆံရေးတွေ ကို အသိဥာဏ်ပါပါ၊ စနစ်တကျမောင်းနှင်အုပ်ချုပ်ဖို.လိုအပ်ချက်ရှိတယ်လို.ဆိုတယ်။ ဒီလိုဖြစ်စေဖို. အားလုံးအပေါ် လွှမ်းခြုံ တဲ.၊ အမှားမပါတဲ.(အမှားအနည်းဆုံး) အားထုတ်ခြင်း (efforts most sustained & comprehensive) ကို သဘာဝသိပ္ပံ လို. သတ်မှတ်ကြတာဖြစ်တယ်။ ဖြစ်တည်မှု အမြင်က စကြာဝဠာ၏ သဘာဝကျ ယုတ္တိရှိမှုကိုလည်းပယ်၊ သိပ္ပံကိုလည်းငြင်းပယ်ခဲ.ကြတာကိုး။ သူတို.ပယ်တဲ. သိပ္ပံက အတော်.ကို အဓိပ္ပါယ်မဲ. ပြီး၊ အသီးအပွင်.မရှိတဲ.ဘာသာရပ်ပဲဖြစ်ရမယ်။
ဖြစ်တည်မှုသမားတွေက သိပ္ပံ ၏စွမ်းဆောင်နိုင်မှု၊ ရလဒ်တွေကို သိပ်အမှတ် မပေးတတ်ကြဘူး။ လူဆိုတဲ. ဖြစ်တည်မှု ကို သိပ္ပံဘာသာရပ်၏ ခက်ခဲတဲ. အယူအဆတွေ၊ ကိန်းဂဏန်းတွေက အစားထိုးတယ်လို.စွတ်စွဲကြတယ်။
….ယုတ္တိဗေဒဆိုတာ အဆံမပါ၊ အခွံချည်းဖြစ်နေတဲ. ဖွဲပါပဲ၊ လူ.ဘ၀၏အနှစ်သာရ ထုထည်ကြီး ကို သိပ္ပံက ဖျက်ဆီးတယ် ….လို. သူတို.က မကျေမနပ် ဖြစ်နေကြတယ်။၊ technology ဆိုတာ မသင်.တော် မအပ်စပ် အထိန်းအကွပ်မရှိသောအရာ လို.သူတို.က သတ်မှတ်ပြီး၊ နည်းပညာ ကို ဖရန်ကင်စတိန်း သရဲကြီး လို. တောင်ဝေါဟာရတပ်ပေးလိုက်ကြတယ်။ ပြီးတော. ဖရန်ကင်စတိန်းဟာ သူ.ကို ဖန်တီးပေးတဲ. သိပ္ပံပညာရှင် ကို ပြန်အသေသတ်လိမ်.မယ်…..လို.ခြိမ်းခြောက်တတ်ကြတယ်။
တဖက်မှာတော. မာ.က်စ်ဝါဒက လက်ရှိ အရှိတရား၏ ယုတ္တိ ဆန်မှု၊လက်တွေ.ကျမှုကို မမှိတ်မသုန် ကိုင်စွဲတယ်။ သိပ္ပံနည်းကျ စုံစမ်းထောက်လှန်းခြင်း၊ သိပ္ပံအမြင်၊သိပ္ပံပညာ ဒါတွေဟာ လူ.ဆင်ခြင်သုံးသပ်နိုင်စွမ်းကို လေ.ကျင်.တဲ.အခါမှာ အပြည်.၀ဆုံးနှင်. အကောင်းဆုံး ပဲလို. မာ.က်စ်ကျောင်းက သိပ္ပံကို ဦးတင်တယ်။ ရုပ်ကမ္ဘာနှင်.လူမှု ဥပဒေသများ စုံစမ်းထောက်လှမ်းခြင်းအားဖြင်.သာ ဖြစ်ပေါ်တိုးတက်မှုများ၏ ပုံမှန်မဖြစ်အပျက်များ၊ ပုံမှန်မဟုတ်သည်. အဖြစ်အပျက်များ ၂မျိုးစလုံးကို အဓိပ္ပါယ်ပေါ်အောင် ရှင်းလင်း နိုင်တယ်လို. မာ.က်စ်ဝါဒ ကယုံကြည်ထားတယ်။ သည်နည်းနဲ.ပဲ သဘာဝ၊ လူ.အဖွဲ.အစည်း ၊ လူတဦးစီ ၏ extreme anomalies အလွန်.အလွန်ပုံမှန်မဟုတ်သောအပြုအမူ၊အခြေအနေ တွေကို နားလည်နိုင်မှာဖြစတယ်။
အဖြူအမဲ မသဲကွဲမှု၊ အမှန်ကို တိကျစွာ မသိမှု ၊ နှင်းမြူထဲက မှုန်ဝါးဝါး အယူအဆကြီးစိုးခြင်း
The Predominance Of Ambiguity
ဖြစ်တည်မှုသမားတွေက သူတို.မျက်လုံးထဲမှာ လူ.ဘ၀ ဆိုတာကို မသဲမကွဲ မှုန်ဝါးနေသောအရာပါပဲလို.မြင်ကြတယ်။ မသဲကွဲမှုဆိုတာ-အမှန်တော. Chaos အပျက်အဆီး နဲ. Order အစီအစဉ်ကျကျစနစ်ကျနေမှု၊ ဒီ၂ခု ကြားထဲက အဆင်.တခုဖြစ်တယ်။ အလင်းရောင်နဲ.အမှောင်၊ တနည်း ပညာနဲ. မောဟ ဒီဆန်.ကျင်ဖက် ၂ခုကြားက နေရာတခု။ စင်္ကြ၀ဠာကြီး ကို တိုက်ဆိုင်မှု accident & chance တွေက အုပ်ချုပ်နေတယ်ဆိုလျှင်၊ ဒီအက်ဆိဒန်. တွေကြောင်. အရာခပ်သိမ်းဟာ ဘယ်သူတွေဘာလုပ်လုပ်၊ ဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်လျှင်မဖြစ်၊ ဆိုတဲ. ဟိုဖက်ဒီဖက် ခွထားတဲ. မသေချာမှုပြဌာန်းချက် indeterminism ကသာ လူ.ဘ၀အပေါ် ကြီးစိုးနေလိမ်.မယ်။ (သူတို.စကားလုံးတွေအရ) …လူ.ဘ၀ဟာ ဒီလို မသေချာတဲ. သဘောတရားတခုက အပေါ်က စီးပိုးထားခံနေရတဲ.အဖြစ်။ ဒါပေမဲ. ဒီလိုဖြစ်နေတာကို မလွှဲနိုင်မရှောင်နိုင်၊ ဖယ်ထုတ် ရှင်းလင်းပစ်လည်း မရဘူး လို.ဆိုကြပါတယ်။
ကြောင်းကျိုးဆက်သွယ်ချက်ကို ပယ်တဲ. ဖြစ်တည်မှုဒဿနက လောက၏ ပကတိတရား reality ထဲက ကမောက်ကမ အဖြစ်ဆိုးတွေ ကို ကုရာ နတ္ထိဆေးမရှိတဲ.အဖြစ် အနေနဲ.လက်ခံထားတယ်။ ဒီလို ကမောက်ကမ တပုံစံထဲ အကြိမ်ကြိမ်အခါခါ ပြန်ပြန်ဖြစ်နေတာကို သူတို.ပဲ ထောက်ခံတယ်။ ကြောင်းကျိုးကိုငြင်းပြီး၊တဖက်ကတော. မသေချာမှုဝါဒ ကို ကူညီထူထောင်ပေးနေကြသလိုပါပဲ။
ဒီလို မသေချာမှုဟာ လူတွေရဲ. တသီးပုဂ္ဂလ တကိုယ် တဘ၀ စီမှာ ပို ပြင်းထန် ထင်ရှားတယ်။ ကျနော်တို. ကိုယ်ထဲမှာကို ဆန်.ကျင်ဖက်လွန်ဆွဲနေတဲ. ဓါတ်တွေ ကအများကြီး။ ထိပ်တိုက်ဆန်.ကျင်ဖက်သဘောပါဝင်တဲ. ဖြစ်နိုင်ခြေတွေ အပြည်. နဲ.၊ကျနော်တို.ဟာ ၀င်္ကဘာထဲမှာ ထွက်ရပ်လမ်းမရှိပဲ စမ်းတ၀ါးဝါး၊ ပိတ်မိနေကြတယ်။ ထိုကာလမှာ.. ဘာလုပ်လုပ် ဘာမှ မသေခြာဘူးဆိုတဲ. တင်ကူးသတ်မှတ်ချက် နဲ.ဖြစ်တည်မှု အယူ ကြောင်. …ကျနော်တို. လူ.အဖြစ်က ပို ခက်ခဲလာနေတယ်။ ဘာနဲ.တူနေသလဲဆိုတော.၊ မရေရာ မသေချာ ပန်းတိုင်မရှိတဲ.နေရာစီရောက်ဖို. သိပ်သည်းနေတဲ. နှင်းတောထဲမှာ ဟိုတိုးဒီတိုးလုပ်နေရသလိုပါပဲ။
သူတို.အတွက် တစုံတခုသော အခြေအနေဟာ သူ.အထဲက အတွင်းသရုပ်မရှိဖူးမပေါ်ဖူးဆိုလျှင်၊ ဖြစ်လာမဲ. သေခြာတဲ.ရေစီးကြောင်းများ ဖြစ်နိုင်ခြေ မရှိ၊ဖြစ်ခွင်.သာမသာ သိစရာမလိုဖူး ဆိုလျှင်၊ ပြီးတော. …တခုသောလမ်းက နောက်လမ်းတခုထက် ပိုအဆင်.မြင်. ကောင်းမွန်တယ်ဆိုတာကို နှီုင်းယှဉ်လမ်းညွှန်ပေးမဲ. သိသာထင်ရှား လမ်းပြ ဆိုင်းအမှတ်အသားတွေ လည်း မရှိခဲ.ဖူးဆိုလျှင်… ဒီလို အခြေအနေမှာ ဖြစ်တည်မှုသမားတွေက သူတို.ကြိုက်တဲ.ဖြေ ရှင်းချက်ကို ကြိုက်တဲ.ပုံစံနဲ. အဆင်.သင်.သလို ထုတ်လို.ရတယ်။ ဖြစ်လာသမျှ ကတော. တိုက်ဆိုင်မှု သို.မဟုတ် သူတို. စိတ်တိုင်းကျပြုမူမှု လို. နံမည်တပ်ရုံပဲ ဆိုပါတော.။
ဟေးဒက်ဂါ ရဲ. မက်တာဖိဆစ်ခ်စ် မိတ်ဆက်၊An Introduction to Metaphysics သြကာသ ရုပ်သတ္တ ဖြစ်တည်မှု မိတ်ဆက်ကျမ်း မှာ သူက ….
“နာမ်ဝိဥာဏ် (သို.မဟုတ်) ဓမ္မကျင်.၀တ်ပိုင်းဆိုင်ရာ မရှိမဖြစ် အခြေခံ ပုံသဏ္ဍန် ဟာ ဘာမှ မသဲကွဲဘူး၊ မှုန်ဝါးနေတယ်” လို.ပြောခဲ.တယ်။ ပြင်သစ်သူ ဆိုင်မွန်ဒီဘူဗွားက လည်း ဖြစ်တည်မှု ဒဿနဟာ မြူတောနှင်းတောထဲကဒဿနလို. ဆိုတယ်။ သူမအတွက် လူ.အဖြစ် ဟာ… သူ.ခန္ဓာ.ပြင်ပက အကြောင်းအရာ၊ အတွင်းက အသိတရား ဒီ၂ခုကို သဟဇာတဖြစ်အောင် ပေါင်းစပ်မပေးနိုင်စွမ်းဘူး၊ လူဟာ အပြင်ပတ်ဝန်းကျင် နဲ. အတွင်းစိတ် ဒီအစွန်း၂ခု ကြား ဟိုရောက် ဒီရောက်၊ ဤလိုလူပုဂ္ဂိုလ်၏ကြေကွဲစရာ ဆန်.ကျင်ဖက် အစွန်းတွေထဲကမှတဆင်. ကျင်.၀တ်အဘိဓမ္မာ ထုတ်ဖို. ဒီဗူဗွား ကြိုးပမ်းခဲ.တာဖြစ်နိုင်တယ်။
ပြင်သစ်ဖြစ်တည်မှု ကျောင်းထွက် မောရိစ် မာလိုပွန်တီ ကလည်း နိုင်ငံရေးမှာဖြစ်စေ၊လူမှုဘ၀မှာဖြစ်စေေ၀၀ါးဝါး မရေရာမှုက သာ လောကကို မောင်းနေတဲ. သဘောတရားအနေ နဲ. သရုပ်ဖေါ်ပြန်တယ်။ ပဋိပက္ခ အင်အားစုများ အားပါပါ ဆက်သွားနေတဲ. အခြေအနေတွေထဲကို လူသားတွေဟာ အကြောင်းတိုက်ဆိုင်စွာ၊ကြိုတင်ပြင်ဆင်မှု မရှိပဲ ဗြုန်းစားကြီး တွန်းပို.ခံရလိုက်တယ်လို. သူက ပြောတယ်။
….ထိပ်တိုက်ပွဲတွေကြားထဲရောက်သွား တဲ.လူတွေဟာ ဖြစ်ပေါ်တိုးတက်မှု တွေ ကိုဗဟိုကျကျဖေါ်ဆောင်ဖို. အတွေးအမြင်မရှိဘူး…အဖြေရလဒ် တခုခုပေါ်လာအောင်လည်း မလုပ်နိုင်ကြဘူး။ ဒီတော. ကျနော်တို.ဟာ ဖြစ်နိုင်ခြေတွေအများကြီးထဲက မိမိတို.သဘောနဲ.မိမိ ဖြစ်နိုင်တဲ့ possibility တခုကိုပဲရွေးရမယ်။ မရေရာ ရှုတ်ထွေးမှုတွေကြားက ပဲ ကိုယ်.ရွေးခဲ.တဲ.ဖြစ်နိုင်ခြေကို အလုပ်ဖြစ်အောင်လုပ် ရမယ်။ ဒီလို ရွေးချယ်မှုကသာ ကျနော်တို. စရိုက် သဘာဝတွေကို အရောင်လက်စေတယ်။ သို.သော်--ကျနော်တို. ဘာပဲလုပ်လုပ် ဘာပဲရွေးထားထား၊ အလုပ် မှန်သမျှဟာ စွန်.စားလုပ်နေရတဲ.သဘော ရှိတယ်။ ရလဒ်ကို မမြင်နိုင် မသိနိုင်တဲ.အဖြစ် Ambiguity ကိုတော. မလွန်မြောက်နိုင်ပါဘူး။ ဘ၀ထဲက အရာခပ်သိမ်း ဟာ အလောင်းအစားသက်သက်ပဲ…..လို. ပြောတဲ.သူပါ။
မာလိုပွန်တီ ဟာ လူ.သမိုင်းအခြေပြု ရုပ်ဝါဒကိုလည်း အတော် ဆန်.ကျင်တယ်။ ရုပ်သမိုင်း ဟာ မတော်တဆသီဝရီကို မျက်နှာသာလုံးလုံးမပေးခဲ.ဘူး။ အဖြစ်အပျက်တွေဟာ သမိုင်း လိုအပ်ချက်ကြောင့်သာ ဖြစ်လာရတယ်ဆိုတာကို မာလိုပွန်တီ လက်မခံဘူး။ ဒါကြောင်. historical materialism ကို သူဆန်.ကျင်ခဲ.တာဖြစ်တယ်။ ဆိုရှယ်လစ်ဇင်၏ ရုန်းကန်မှုသမိုင်း ကြောင်းကြီးတခုလုံး၏ရလဒ်တွေကိုလည်း မာလိုပွန်တီက ဘာကိုမှ အာမမခံထားတဲ. Indeterminism နဲ. သိမ်းကြုံး တံပျက်စီးလှည်း၊ ကောက်ချက်ဆွဲခဲ.တယ်။
--အနာဂတ် ဆိုရှယ်လစ်ဇင်၏ တခုတည်းသောဖြစ်နိုင်ခြေကတော.၊ အလွန်အမင်းအပေးအယူ လုပ်ယူရခြင်းသာဖြစ်လိမ်.မယ်။ ဆိုရှယ်လစ်တို.၏ လူတန်းစာတိုက်ပွဲဟာ သူဖျက်ဆီးနိုင်သလောက် ပြန်တည်ဆောက်နိုင်စွမ်း မရှိတဲ.အတွက် သမိုင်း၏ အပျက်အဆီးတွေ ထဲကပဲ အပေးအယူလုပ် လိုက်ညှိနေရမဲ.သဘောပဲကျန်တော.တယ်။ ကွန်မြူနစ်ကြေငြာစာတန်း Communist Manifesto၏ ပင်မ သဘောတရားလိုင်းတွေ ပါ သမိုင်းစာမျက်နှာတွေ ထဲက အဖျက်ခံရမယ်။….လို.ဝေဖန်ခဲ.တယ်။
ရုပ်သမိုင်း ကို နင်းပြားလို ထိုးချချင်သူ၏ အမြင်မကြည်လင်မှု နဲ. ဝေဖန်သံ နောက်ကွယ်က သဘောတရားအခြခံက အဲဒီ.မှာပေါ်ပါတယ်။ ဒါကြောင်.လည်း မာလိုပွန်တီဟာ ကွန်မြူနစ်ပါတီကို ၀င်ရမှာတွန်.ဆုတ်ခဲ.တယ်။ နောက်ပိုင်းမှာ စတာလင်ပြုသမျှနုရတဲ. ဆိုဗီယက်ယူနီယံ ကိုလည်း သူက ဘာဆိုရှယ်လစ်မှ လက်မခံဘူးဆိုတဲ.စိတ်နဲ.ငြင်းပယ်ခဲ.ဖြစ်တယ်။
ဖြစ်တည်မှု ကျောင်းက အကျော်ဒေးယျ စာရေးဆရာတွေက သူတို.စာပေထဲမှာ လူသားဘ၀၏ ပဟေဠိ ဆိုတာကိုပဲ ဆွဲဆောင်မှုအပြည်.နဲ.ဖန်တရာတေ အကြိမ်ကြိမ် ဥပမာပြုကြတယ်။ သူတို.ဇတ်ကောင် ပဟေဠိလူသား မှာ တည်ငြိမ်တဲ. စရိုက် မရှိဘူး။ အချိန်နှင်.အမျှ အဲဒီ့ ပဟေဠိဇတ်လိုက်က မည်သည်. အမှု(ကံ) ပြုမယ်ဆိုတာကိုလည်း လူတွေကခန်.မှန်းလို. မရဘူး။ ပဟေဠိလူသား ဟာ မမျှော်လင်.ထားတာတွေလည်း၊ မတောင်းဆိုပဲ ၀ုန်းဒိုင်း နဲ. လုပ်ပြသေးတယ်။ သည်လိုနဲ. ပဟေဠိမင်းသားရဲ. ယခု အလုပ်တွေက ယခင်ကာလတွေမှာ သူ အပင်ပန်းခံပြီး ကြိုးစားပန်းစား ဆောင်ရွက်ထားတာတွေကို ဆန်.ကျင် ခြေဖျက်ပစ်လိုက်သလိုဖြစ်ခဲ.တယ်။
ပဟေဠိဇတ်ကောင်တို.ရဲ.ဘ၀၊ သူတို.ရဲ. စိတ်၊ စေတသိပ်တွေ ၊အကြံအစည်(မိုးတစ်ဖ်) တွေဟာ တနေရာ တမျိုး၊ ဒါကြောင်. အဓိပ္ပါယ် ပြန်ဆိုဖို. မလွယ်ကူလှဘူး။ ဖြစ်တည်မှုကျောင်းရဲ. စာရေးဆရာတွေကလည်း ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရေးဖို. အာသီသ မရှိကြဘူး။ ပဟေဠိမင်းသား ကို လူတွေ နားမလည်နိုင်ပါမှ ၊ နှင်းမြူတောထဲက လူ.ဖြစ်တည်မှု ဒဿနက ဇတ်လမ်းမှာ တွဲဖက် အလိုက်သင်.ပါလာမှာမို. ဖြစ်နိုင်ပါတယ်။
နောက်ဆုံးပေါ်ဥပမာ ပေးရမယ်ဆိုလျှင် အမေရိကန်ပြဇတ်ရေးဆရာ American Playwright Edward Albee အက်ဒွာ. အယ်လ်ဘီး ရဲ. Tiny Alice (1964) ကိုပဲကြည်.ပါ။ သူ.ဇတ်အိမ်ထဲက သင်္ကေတ တွေ၊ မသဲမကွဲလေးပင်အရေးကြီးတာတွေ ကို …ပွဲကြည်.သူ ပရိသတ် နားမလည်တာမပြောနဲ.၊ ထို ဇတ်ညွှန်းကို ရေးခဲ.သူ ဇတ်ဆရာနဲ. စာရေးဆရာ အယ်လ်ဘီး တောင် ကိုယ်.ဖန်တီးမှု ကိုယ်နားမလည်နိုင်လောက်သည်.အထိ ပဟေဠိ တွေများခဲ.တယ်။
အပိုင်း(၂) နိဂုံး။ ဆက်ဖတ်ရန်။ ဘာသာပြန်ဆိုသူ (aasw)
Translator’s note:
အက်ဒွာ.အယ်လ်ဘီး၏ Tiny Alice(1964) Play က တနှစ်ပဲခံပါတယ်။ ၁၉၆၅မှာ မအောင်မြင်တဲ. ပြဇတ်ကို ရပ်ပစ်ခဲ.တယ်။ အက်ဒွာ့ အယ်လ်ဘီး ဟာ Who is Afraid of Virginia Woolf? ဗာဂှီးနီးယား ၀ုဖ်ကို ဘယ်သူကြောက်သလဲ ဆိုတဲ. နှစ် ၅၀ ကျော် ခံတဲ.ပြဇတ်ကို လည်းရေးခဲ.တယ်။

No comments:
Post a Comment