သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, November 3, 2013

ဘာသာပြန် အပိုင်း(၃) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

ဘာသာပြန် အပိုင်း(၃) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

August 6, 2013 at 6:04am
ဘာသာပြန် အပိုင်း(၃)

George Novack’s Understanding History: Marxism Versus Existentialism (ဘာသာပြန်)

ဤလောကမှာ မသေခြာမှု ပြဿနာ၊ တကယ်ရှိနေတာကိုတော. ကျနော်တို.၀န်ခံရလိမ်.မယ်။ ဖြစ်ရတဲ.အကြောင်းရင်းကိုလည်းသိရမယ်။ မသေချာမှု၏ အကြောင်းရင်းအစစ်အမှန်ကတော. လူ.ပတ်ဝန်းကျင်က ထိပ်တိုက်ဖြစ်နေသောဆန်.ကျင်ဖက်တရားတွေ ကြောင်.သာဖြစ်တယ်။ စင်္ကြ၀ဠာရဲ. အစီအစဉ်ဟာ သူ.ချည်းသက်သက်ဆို၊ ပိုင်းဖြတ်သေခြာမှုတွေရှိတယ်။ အရာဝတ္ထုတွေ ဖြစ်ပေါ်ပြောင်းလဲတဲ. ဖြစ်စဉ် ဆိုတာကလည်း ပညာသိနဲ.သိနိုင်တဲ.အရာ ပါ။ ဒါပေမဲ.စင်္ကြ၀ဠာထဲက ဓါတ်တွေက ရှုပ်ထွေးနက်နဲပြီး အစဉ်မပြတ်ပြောင်းလဲနေကြတယ်။

ဒီလို ပြောင်းလဲတဲ.အခါမှာလည်း “အလျှင်မပြတ်ဖြစ်ပျက်ပြောင်းလဲမှု”အစဉ်တန်းကြီးကြောင်. ရုပ်အသွင်သဏ္ဍန်တွေက ရှုတ်ထွေးလာတာဖြစ်တယ်။ ဒီတော. ပဟေဠိဆန်တဲ.ရုပ်သတ္တလောက ကို မေးခွန်းထုတ်စရာဖြစ်လာတယ်။
(ထုံးစံလိုဖြစ်ခဲ.ရသော၊ ဧကရာဇ်နှင်. ဘုရားကျောင်း
ပေါင်းစားသည်. ကြေးကျွန်ပိုင်
ပဒေသရာဇ် စနစ်၊ဖျူဒယ်လစ်ဇင်
)
(ထုံးစံလိုဖြစ်ခဲ.ရသော၊ ဧကရာဇ်နှင်. ဘုရားကျောင်း ပေါင်းစားသည်. ကြေးကျွန်ပိုင် ပဒေသရာဇ် စနစ်၊ဖျူဒယ်လစ်ဇင်)


ဒီနေရာမှာ ကျနော်တို.မေးရမဲ.မေးခွန်းက ၀ိရောဓိဖြစ်နေတဲ. ပုံဖေါ်မှုတွေ၊ စိတ်ရှုတ်စရာ အသွင်သဏ္ဍန်တွေထဲက ဘာမှ အနှစ်ထုတ်မယူနိုင်ပဲ၊ ရှုတ်လက်စအတိုင်းဒီလိုပဲ ပစ်ပယ်ထားလိုက်မှာလား၊ ဒါမှမဟုတ် အမျိုးမျိုးအစားစားဖြစ်နေပြီး၊ အဓိပ္ပါယ်မှားတွေ ထွက်စေတဲ. အသွင်ပုံစံတွေနဲ. သူတို.၏အတွင်းသဘာဝသရုပ်ကို ကျနော်တို. ဖေါက်ထွင်းသိမြင်လာနိုင်တဲ. အထိ သိပ္ပံနည်းကိုသုံးစွဲ၊ ဆိုင်ရာ နိယာမဥပဒေ ဖြစ်လာတဲ.သဘော အထိနားလည်အောင် ကြေညက်စွာ ထောက်လှန်းကြမှာလား၊ ဒီမေးခွန်းမျိုးကိုသာ မေးရမှာပါ။

(ထုံးစံလိုဖြစ်ခဲ.ရသော
ကျွန်စနစ်)
(ထုံးစံလိုဖြစ်ခဲ.ရသော ကျွန်စနစ်)


ဖြစ်တည်မှုကျောင်းထွက်တွေက အခြေအနေတရပ်၏ရလဒ်ဟာ၊ အခြေအနေအတွင်းထဲကဆိုင်ရာ အစိတ်အပိုင်းလေးတွေအပေါ် အပြင်ကကျလာတဲ.ဖိအားနဲ.သက်ဆိုင်တယ်ဆိုတာကို ၀န်ခံဖို. ငြင်းပယ်ကြတယ်။ သူတို.က အရာခပ်သိမ်းဟာ တသီးပုဂ္ဂလ လူ၏ စိတ်စေရာ၊ စိတ်အလို အတိုင်းချည်းပါပဲတဲ.။ ကဲဒါဆို သူတို.အဆိုက ကျနော်တို.တွေ.ရှိချက်တွေ နဲ. မတိုက်ဆိုင်။တော်တော်လွဲနေပြန်ပြီ။ ကျနော်တို.ဆောင်ရွက်သမျှအလုပ်တိုင်းကိုကြည်.၊ ဘာတွေများရခဲ.သလဲ။ ရလဒ်တွေဟာ ကျနော်တို. ၏မူလ ရည်မှန်းချက်တွေ၊ ဆန္ဒတွေ၊ မျှော်လင်.ချက်တွေနဲ. ထူးဆန်းစွာပဲ ကွဲလွဲနေတာ တွေ.ရမှာပါ။

ဒါဖြင်.ရင် ဘာကြောင်. ဒီလာက်တောင် လူသား၏ စိတ်ဆန္ဒ နဲ. သူ. ကျေနပ်စွာခံစားနိုင်တဲ. အားထုတ်မှုရလဒ် ဒီလောက်ကွာဟနေကြသလဲ။ မေးဖို.သင်.တယ်။ တခြား နောက်ကွယ်က လူမမြင်နိုင်တဲ. အားတွေက ကျနော်တို. လူ.အလုပ် ၏ရလဒ် ကို ပြဌာန်းနေတာများ မဖြစ်နိုင်ဘူးလား။ ဖြစ်တည်မှုသမားတွေ စီမှာသွားမေးရင်၊ အဖြစ်အပျက်တွေဟာ အက်ဆိဒန်. မတော်တဆ အမှုတွေ ဆိုတာကလွဲရင် ဘာ အဖြေမှ ရမှာမဟုတ်ဘူး။ သူတို.အတွက် ကတော. စိတ်ကူးတည်.ရာဆုံးဖြတ်တတ်တဲ.သူတို.စိတ်ကလေးကသာ အဖြစ်အပျက်များစွာ၏ ရာသက်ပန် ခုံသမာဓိမင်းကြီး ဖြစ်နေတယ်ဆိုပါတော.။

စိတ်ရှုတ်ထွေးနေတဲ.ဖြစ်တည်မှုသမားတွေ မရှင်းနိုင်တဲ.နေရာ တွေမှာ မာ.က်စ် ကျောင်းက ရှင်းလင်းနိုင်တယ်။ ရုပ်လောက၏ကြောင်းကျိုးဖြစ်စဉ်ကို စောကြောနိုင်တဲ. ရုပ်ဝါဒီ နည်းနာဖြင်. ဒီပြဿနာကို ဆန်းစစ်တယ်။ မာက်စ် ကျောင်းသားတွေက အခြေခံကို မြင်အောင်မလုပ်ပဲ နောက်တဆင်.မတက်ဘူး။ သည်လိုနဲ. အခြေခံတွေက စပြီးသူတို. ကြည်. ကြည်. လာခဲ.တာ၊ နည်းနာ၏ ဖြောင့်တန်းမှုကြောင်. ပကတိတရား၏ သေခြာမှုများကိုမြင်လာတယ်။ သည်နည်းအရ ရှင်းလင်းနေတဲ. အတွေးအမြင်ဖေါ်မြူလာတရပ်ကို ဖေါ်ထုတ်နိုင်တဲ.အထိပဲဆိုပါတော.။

ပြောင်းလဲမှု ဖြစ်စဉ်၏ ရလဒ် နှင်. လောဂျစ်လမ်းကြောင်း၏လားရာ The Logical Course & Results of Evolution process
အမြင်နှင်.နည်းနာ။ ။

မာ.က်စ်ကျောင်း ဆိုတာ အမြင်သေခြာအောင်အားထုတ်ပြီးမှ နည်းကိုဆောင်ရတဲ.အယူအဆကိုယ်ထည်၊ ပြီးတော. တခုတည်းသောလမ်း။ ဖုံးထားတဲ.အရာတွေ၊ ရှုတ်ထွေးမသဲကွဲတာတွေ၊ ပကတိတရားထဲက ရှေ.နောက် မညီညွတ်မှုတွေ ဘယ်လောက်ပဲ တောင်လိုပုံနေပါစေ။ လိုအပ်တဲ. အချိန်နဲ. အားထုတ်မှု ထည်.ပြီးစုံထောက် လုပ်လိုက်စမ်းပါ။ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ သိနိုင်တယ်။ဖြစ်စဉ်တွေကို အနုလုံပဋိလုံ လုပ်နိုင်မှု၏ အနှစ်သာရကတော. –

၁-ဆန်းစစ်တဲ. အကြောင်းအရာ၏ အူမချက်တိုင်က ဆန်.ကျင်ဖက်အားတွေကို သိမြင်နားလည်နိုင်တယ်။
၂- အစွန်းတရား ၂ခု သူ.သဘောသူဆောင်၊ သူ.သရုပ်သူ ပြလာတာကို တွေ.ရတယ်။
၃- ဒီအစွန်း၂ခု သူနိုင်ကိုယ်နိုင်အားပြိုင်ရင်း နောက်ဆုံးရေဆူမှတ်ရောက်လာတဲ.အခါ ၊ဆက်ထိပ်တိုက်မတိုးနိုင်တော.၊ သေခြာတဲ.အဖြေတခုပေါ်ထွက်လာတဲ. အထိ စောင်.ကြည်.ခွင်.လည်းရခဲ.တယ်။

ဆန်.ကျင်ဖက် တရားတွေဟာ ကိုယ်နဲ.ဆိုင်ရာ အစွန်းအသီးသီးစီ တွန်းပို.ခံရလေလေ၊ ဒီတရားများ ရပ်တဲ.နေရာတွေက ပို ထင်ရှားလာလေလေပဲ။ ရပ်နေတဲ.နေရာများက အစွန်း၂ခု ကိုလည်း သူ.တို.ကောက်ကြောင်းရာ အသေးစိတ်ကအစ ထင်းနေအောင်မြင်နေရပြီ။ ဒီအချိန်မှာ ၀ိုးတိုးဝါးတားတွေ မရှိနိုင်တော.ဘူး။ အတွင်းထဲမှာ ယှဉ်ပြိုင်နေတဲ. အင်အားစုတွေ၊ အလားအလာတွေဟာ ဘယ်တော.ကျမှ ရပ်တန်.သွားလဲဆိုလျှင်၊ ဘယ်လိုမှ ပေါင်းစပ်လို.မရတဲ. ၂ခုမှာ၊ တခုသော ရွေးချယ်မှု တခုက နောက်တခုအပေါ် အနိုင်ရသွားတဲ.အခါ ၊ ဆန်.ကျင်ဖက်တရား ၂ခု၏၏ ရုန်းကန်မှုလည်း နိဂုံးရောက်လာတယ်။ပြောင်းလဲမှု ဖြစ်စဉ်တွေထဲက ရလဒ် မှန်သမျှနဲ. ယုတ္တိကျသောသဘာဝလမ်းကြောင်း ဟာ ဘယ်အချိန်မှာမဆို အမြဲ ဒီအတိုင်းပဲ ဖြစ်နေတယ်။

မာ.က်စ်ကျောင်းသားတွေကတော.ရှင်းတယ်။ ဖေါက်ထွင်း မမြင်နိုင် တဲ.အဆင်.တွေကို ကိန်းသေတခု လို. သူတို. သဘောမထားပေးနိုင်ကြဘူး။ မသေခြာသောနှင်းထုကြီးထဲက ဘယ်သောအခါမှ ထိုးဖေါက်ထွက်လို.မရဘူးလို.လည်း မငြီးတွားကြဘူး။ မာ.က်စ်ကျောင်းသားတွေ အတွက်တော့ ဒိုးယိုးပေါက် မမြင်နိုင်သေးတဲ.အဆင်.၊ မသေခြာမှုတွေတည်နေတဲ. အဆင်.ဟာ၊ ကြားခံအဆင်. မျှသာပဲဖြစ်တယ်။ ရှေ.မှာ ဆက်တိုးတက်ဖြစ်ပေါ်ဖို.အတွက မဖြစ်မနေ ဖြတ်သန်းရမဲ. အဆင်.။ လောလောဆည် ရှင်းလို.မရသေးတဲ. အခြေအနေတရပ်ဟာ သူ.ထက် ပိုပြီးသေခြာတဲ. နောက်အဆင်.ကိုရောက်ဖို. သူ. အလိုလို လမ်းဖွင်.ပေးရလိမ်.မယ်။

ပကတိတရားကိုနားလည်ခြင်း

သူချည်းသက်သက် ပကတိတရား ရယ်၊ ဒီအရှိ တရားကို ကျနော်တို. နားလည်မှု အတိုင်းအတာရယ်၊ ဒီ ၂ခုစလုံးဟာ ဒီလောက်ရှုပ်ထွေး နေဖို. လိုကို မလိုအပ်ပါ။ ဖြစ်တည်မှုသမားတို.က သမိုင်း၏မသေခြာမှု ကသာသေခြာတယ်တဲ.။ မသေခြာမှုဆိုတာကြီးကို ဘာမှလုပ်လို.မရ၊ ဖျက်လို.မရဘူးလို.ဆိုကြတယ်။ သမိုင်းက တဖြောင်.ထဲမသွားဘူး၊ တနေရာက နောက်တနေရာစီ သမိုင်း၏ရွှေ.လျှားမှု ဟာ ပုံစံတမျိုးထဲ မရှိဘူး၊ အလွဲလွဲ စသဖြင်.လည်း ပြောကြတယ်။ သူတို.က လူသားသမိုင်းဟာ ဧကန်တိုးတက်မှု ရှိတောင်ရှိခဲ.ရဲ.လား လို.သံသယရှိကြတယ်။

မာ.က်စ်ကျောင်းသားတို.က လောကကြီး အစီအစဉ်တကျဖြစ်ခြင်း၊ မဖြစ်ခြင်းတွေဟာ မထူးဆန်းဘူး၊ ကာလတခုအတွင်း တခုနဲ.တခု နှိုင်းယှဉ်ချက်အရသာ အစီအစဉ်ဆိုတာတွေ မှန်တယ်လို.ပဲသတ်မှတ်ထားကြတယ်။ အဆိုးဆုံးသော ကသောင်းကနင်းအဖြစ်အပျက်တွေ (သို.မဟုတ်) အစီအစဉ်မကျမှုတွေဟာ အကောင်းဆုံးအစီအစဉ် တွေ အောက်မှာ ပဲ ထ ဖြစ်လာတတ်တယ်။ ထို.အပြင်- ပျက်ပန်းပျက် ခေတ်ဆိုးဟာ၊ ပုံကျပန်းကျ ခေတ်ကောင်း၏ရှေ.ပြေး အနေနဲ.လည်း ဖြစ်တတ်တယ်။ ပြီးတော. နောက်မှဖြစ်တဲ.တရားအနေနဲ.လည်း ဖြစ်တတ်တယ်။ သမိုင်းကို အချိန်တခုကြာကြာ ဆွဲဆန်.ကြည်.လိုက်ပါ။ စနစ်ကျခိုင်မာနေတဲ.အစီအစဉ်၏အတွင်းထဲမှာကို သမိုင်းဟာ သူ.ကို ကမောက်ကမဖြစ်စေမဲ. အခြင်းအရာတွေက ပုံသဏ္ဍန်တူ၊ပြင်းအားတူစွာ မကြာခဏ လာရိုက်ခတ်ခံနေရတာကိုတွေ.လိမ်.မယ်။

ဒီတော. ဘယ်သူတွေပဲ နှင်းတောထဲက ဖေါက်ထွက်ရဲကြသလဲ။
မသေခြာမှု မမြင်ရမှု ambiguity နှင်းတောကို မာ.က်စ် ဒဿနကသာ သေခြာပေါက် ဖေါက်ထွက်ရဲတယ်။ မသေခြာမှု၊ (တနည်း) ဒိုးယိုပေါက် မမြင်ရမှုဟာ စိမ်ခေါ်ချက် တရပ် ဖြစ်သော်လည်း၊ တဖက်မှာ အတားအဆီးကို လွန်မြောက်ဖို.အခွင်.အရေးကြီးတရပ်လို သဘောထားကြပါတယ်။ Ambiguity မသေခြာတဲ.အယူအဆကို သေခြာတဲ. ကြိုတင် ပိုင်းဖြတ်မှုသံဓိဋ္ဌာန်ပါသော အယူအဆ Determinism နဲ. အစားထိုးမယ်။ လူသားဝါဒ၊လူ.အကျိုးဆောင် အလုပ်တွေကို ရှေ.တန်းတင်မယ်။ ဒီနည်းဖြင်.သာ အမှန်အားထုတ်သည်.လူသားတို. စွမ်းဆောင်မှု များ ထိရောက်စေရမယ်လို. မာ.က်စ်ဝါဒက မြင်ပါတယ်။

မာ.က်စ်ဝါဒက သမိုင်း၏ ပုံမှန်မဟုတ်သည်.အဖြစ်အပျက်တွေ၊ တိုးတက်မှုမဲ.ကာလ၊ အမှောင်ကာလတွေ၊ ထူးထူးဆန်းဆန်းအဖြစ် တွေကို အသိအမှတ်ပြုတယ်။ သမိုင်လမ်းကြောင်းရှည်ကြီးဟာ ဟိုဝင်ဒီထွက် ကွေ.ကောက် ဇစ်ဇက် သွားနေတယ်ဆိုပေမဲ.၊ လူ.သမိုင်းဟာ အရိုင်းအစိုင်း ကျောက်ခေတ်ကနေ ယနေ.ခေတ် အထိ နေရာတော်တော်များများမှာ ယဉ်ကျေးသောလူ.အဖွဲ.အစည်းများ အဆင်.သို. မြင်.သထက်မြင်. ပေါက်ဖွား လာခဲ.တာကို ငြင်းလို.မရဘူး။ ယဉ်ကျေးသောအဖွဲ.အစည်းမျာနှင်.အတူ ဒီလိုပြောင်းလဲလာတဲ.လမ်းကြောင်းမှာ အောက်ပါ ၃ ခုလည်း ဖြစ်လာခဲ.တယ်။

(ထုံးစံလို ဖြစ်ခဲ.ရသော အာဏာရှိသူ၏ကျွန်ပြု
စီးပွားရေးစနစ်၊၊သခင်နှင်. အစေခံ၊
ဖိနှိပ်သူနှင်.ဖိနှိပ်ခံ၊ဒီ၂မျိုး သာရှိ။)
(ထုံးစံလို ဖြစ်ခဲ.ရသော အာဏာရှိသူ၏ကျွန်ပြု စီးပွားရေးစနစ်၊၊သခင်နှင်. အစေခံ၊ ဖိနှိပ်သူနှင်.ဖိနှိပ်ခံ၊ဒီ၂မျိုး သာရှိ။)


၁-သမိုင်း၏လိုအပ်ချက်တွေ
၂- ရှေ.နောက်မညီတဲ. အခြေအနေတွေ
၃-နောက်ဆုံး သမိုင်းက လုံးဝဖြေရှင်းလို. မရတဲ.ကိစ္စတွေကို အတည်လို.သတ်မှတ်ပေးရတဲ.အဖြစ်တွေလည်းရှိခဲ.တယ်။

(နေမြဲ ရှိမြဲ နိုင်ငံရေးစီးပွားရေးစနစ်များသည် ပြောင်းခွင်.မတိုင်ခင်၊ပြောင်းမရခင် သူ.ကိုခြည်း ကာလအတော်ကြာကြာ အတည်ပြုပေး ရတယ်။ တကဲ.အချို.အကွေ. turning point အရောက်ခင်အထိ၊ စနစ်တကျအားကောင်းခဲ.တဲ. အုပ်ချုပ်ရေးစနစ်များ လို.ယူပါ) ဥပမာအားဖြင်. ပြင်သစ် မြေပိုင်ပဒေသရာဇ်စနစ်၏ဒေါက်တိုင်တွေ၊ ကိုလိုနီ နယ်ချဲ.စနစ်၏သစ္စာခံတွေ၊ အမေရိကတောင်ပိုင်းက ကျွန်ပိုင်ရှင်တွေ၊ ဂျာမဏီက နာဇီတွေ၊ ရုရှားမှာ အရင်းရှင်အားပေးမှုတွေ…ဒါတွေစနစ်တကျဖြစ်ခဲ.မှုက သမိုင်း၏ သက်သေပါပါပဲ။

(Cold War ကာလအပြီး ထုံးစံလိုဖြစ်ခဲ.ရသော
အမေရိကန်မူပိုင် နယ်ချဲ.
စီးပွားရေးစစ်)
(Cold War ကာလအပြီး ထုံးစံလိုဖြစ်ခဲ.ရသော အမေရိကန်မူပိုင် နယ်ချဲ.စီးပွားရေးစစ်)




တသီးပုဂ္ဂလ နှင်. ပတ်ဝန်းကျင် Individuals And Their Environment

သရုပ်မှန်ကို အပိုင်းပိုင်း ဆန်းစစ်ကြရတော.မယ်ဆိုလျှင် ..ပကတိဆိုတဲ. ဘ၀ကို ကိုယ်ပိုင်နဲ.အများဆိုင် ( private & public) ဆိုပြီး ၂ပိုင်းခွဲ မှ ဖြစ်မယ်။ ပုဂ္ဂလဓိဌာန်ကျတဲ.ရုပ်ကမ္ဘာ ဟာ ကျနော်တို. ခံစားချက်၊ အတွေး၊ သိမှုတွေ မပေါ် မမှီခိုဘူး။ သူ.ဖာသာ လွပ်လပ်နေတယ်။ ဒီရုပ်ပတ်ဝန်းကျင်၏ တခြားဖက်မှာ လူ၏ တသီးပုဂ္ဂလ အတွေ.အကြုံတွေ ရှိတယ်။ လူဆိုတဲ.ကျနော်တို.ဟာ ကိုယ်မြင်သိနားလည် သလိုပဲ ရုပ်ပတ်ဝန်းကျင်ကို တုန်.ပြန်တယ်။

(ထုံးစံလိုဖြစ်ခဲ.ရသော
ကိုလိုနီနယ်ချဲ.စနစ်)
(ထုံးစံလိုဖြစ်ခဲ.ရသော ကိုလိုနီနယ်ချဲ.စနစ်)



ဟေးဒက်ဂါ၏ ရုပ်သတ္တသြကာသကျမ်းမိတ်ဆက် မှာ An Introduction to Metaphysics သူက…
--စကားလုံးနဲ.ဘာသာဗေဒကြောင်. လူသား၏ဖြစ်တည်မှု အသက်ဝင်လာပါတယ်၊ ပကတိလောက၏အခြားခြင်းရာတွေဟာ လူ.အတွေ.အကြုံနယ်ပယ်ထဲရောက်လာမှ အဓိပ္ပါယ်ဖြစ်၊ နားလည်ခံစားနိုင်တယ် ----လို. ပြော သူ ကြီးဟာ ဖြစ်တည်မှု ကို သဲကွဲအောင် မရှင်းနိုင်ခဲ.ဘူး။သူ. အာဘော်အရ လူ.စကားလုံး၊ဘာသာစကား နယ်ပယ်စက်ဝန်းထဲမှာပဲ ဘ၀က တည်နေသလိုလို ဟုတ်နိုင်ပါ.မလား။ဖြစ်နိုင်ပါ.မလား။

ရုပ်ကမ္ဘာကို အနုလုံပဋိလုံ ဆန်းစစ်သောကျောင်းက စကားလုံးတွေ၊ဖေါ်ပြချက်ကို သိပ် စန်းမတင်ဘူး။ မြင်တာကတော.ဒီလိုပါ။ လူဟာ တွေးမယ်။စကားပြောမယ်။ အလုပ်လုပ်မယ်။ လူတယောက်၏ အတွေး၊အသိအမြင်နဲ. စကားလုံးများ၊လုပ်ရပ်များဟာ ပတ်ဝန်းကျင်ကို တုန်.ပြန်တာသာဖြစ်တယ်၊ လူက သူဖန်တီးထားတာ မဟုတ်တဲ. ပတ်ဝန်းကျင်၊အာရုံကို တည်မှီပြီး သာ ကံပြု ၊အလုပ်ဖြစ်စေတဲ.လူသားဖြစ်တယ်။ အပြင်ကရုပ်ကမ္ဘာနဲ. အာရုံတွေဟာ ကျနော်တို. ဘယ်လို ဘာသာပြန်ပြန်၊ ကျနော်တို. ယူခြင်း၊ပယ်ခြင်းတွေနဲ. ကင်းလွတ်ပြီး သူ.ဖာသာသူ တည်ရှိနေတယ်။ ဒီရုပ်ကမ္ဘာထဲက အရာဝတ္ထုတွေ ကြောင်. သာ ကျနော်တို. လူ.အမှုတွေ တုန်.ပြန်ခြင်းသဘောနဲ. ဆင်.ကာဆင်.ကာ ဖြစ်ပေါ်လာနေကြတယ်။

ဖြစ်တည်မှုကျောင်း၏ အဓိက သင်ကြားချက်က --ရုပ်ကမ္ဘာမှာဖြစ်စေ၊ လူမှုပတ်ဝန်းကျင်မှာဖြစ်စေ၊ ပုဂ္ဂလဖြစ်မှု (subjective) က ဓမ္မဓိဌာန်ဖြစ်မှု (objective) ထက် ပိုအရေးကြီးတယ်။ ပုဂ္ဂလ က ဓမ္မ ထက် ရှေ.ရောက်တယ်လို. သတ်မှတ်ခိုင်းခြင်းပဲ။ ဒီသင်ကြားချက်မှာ လူ. အတွေ.အကြုံ၏ တန်ဖိုး၊ အရည်အသွေးဟာ လူတကိုယ်စီနဲ.ပဲဆိုင်တယ် လို.သင်ပေးပါတယ်။ လူဆိုတဲ.သတ္တ၀ါဟာ သူ.အကြောင်း သူသိမှ ဖြစ်မယ်၊ မိမကိုယ်မိမိ အရှိ အရှိ ဖန်တီး နိုင်မှု၊ ကိုယ်.အဇ္ဈတ္တ ကိုယ် ပိုင်နိုင်စွာ သိမှု၊ ဒါတွေကိုဦးစားပေးစဉ်းစားခိုင်းတဲ.ကျောင်းပါ။


(မာ.က်စ်ကျောင်း၏ပန်းခြံ--သဘာဝ၊ လူ.ဘောင်၊ တကိုယ်တော်လူသား
သဟဇာတ ဖြစ်သောဆက်သွယ်ချက်)
(မာ.က်စ်ကျောင်း၏ပန်းခြံ--သဘာဝ၊ လူ.ဘောင်၊ တကိုယ်တော်လူသား သဟဇာတ ဖြစ်သောဆက်သွယ်ချက်)


မာ.က်စ် ကျောင်းကတော. အထက်ကဖြစ်တည်မှု၏ ဆန်.ကျင်ဖက် နည်းနဲ.တွေးဖို.တိုက်တွန်းပါတယ်။ ဘ၀ ဖြစ်တည်မှုကို ဦးစားပေးပေမဲ. လူ.ဟာ သူ.ရုပ်ပတ်ဝန်းကျင်နဲ. အဆက်အစပ်ရှိစွာ ရှေ.နောက်ညီညွတ်တဲ. ဖြစ်တည်မှူမျိုးပဲ ရှိရမယ် လို. သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ဒီတော. မာ.က်စ် ကျောင်းသားတွေ၏နားလည်မှုမှာ
၁-သဘာဝတရား က လူ.ဘောင်အပေါ် လွှမ်းမိုးတယ်ဆိုတဲ.အသိ
၂- လူ.ဘောင်က လူတယောက်ကို လွှမ်းမိုးတယ်ဆိုတဲ.အသိ ၊ ဒါတွေကသာ အခြေခံတရားအနေနဲ. ဖြစ်နေပါတယ်။

သဘာဝ၊ လူ.ဘောင်၊ တကိုယ်တော်လူသား ဒီ ၃ခုဟာ တခုနဲ.တခု နီးနီးစပ်စပ် တည်ရှိတယ်။ တခုအပေါ်နောက်တခုက တိုက်ရိုက်သက်ရောက်မှု ဖြစ်စေတယ်။ ဒီ ၃ခုမှာ လူသား၏ ရိုက်ခတ်ချက်ပါသောကံမြောက်သော
အလုပ် များကသာလျှင် ကမ္ဘာကြီးကို ပြောင်းလဲ စေနိုင် တယ်လို. ယူတဲ. ယုံကြည်မှုဖြစ်တယ်

ပုဂ္ဂလ သစ္စာဟာ ဓမ္မဓိဌာန် ကျတဲ.သစ္စာက ဖြတ်သန်းလာမှပဲ ဖြစ်ခွင်.ရှိတယ်။

ပုဂ္ဂလ နဲ.ဓမ္မ ဟာ စဉ်ဆက်အပြတ် ဆက်သွယ်မှုရှိတယ်။ ဒီ၂ခု ဆက်သွယ်မှုကို ဘာကမှ ဖျက်စီးလို.မရဘူး။ အစွန်းဆုံး ပြောရလျှင်--ဓမ္မက သာ ပုဂ္ဂလ ကို အဆင်.ဆင်.ပြဌာန်းထားတယ်။ ဒီတော. လူဆိုတဲ.သတ္တ၀ါက မိမိ ၏ အဆုံးစွန်သောအကျိုးစီးပွားအတွက် သဘာဝဓမ္မဓိဌာန်ကျမှု သို.မဟုတ် လူ.ဘောင်၏အရှိတရားကို နှိပ်ကွပ်ရင်း၊ ဖိထားရင်း၊ ဒီဖြစ်စဉ်မှာ လူ. အရည်အသွေးပါ လိုက်ပြောင်းလဲ လာရတယ်။
ကံ-ကတ္တားဆက်ဆံရေး မှာ ဖြစ်တူမှုဒဿန နဲ.မာ.က်စ် အဘိဓမ္မာ ကွဲသွားရတဲ.အကြောင်းရင်းကတော.အဲတာပါပဲ။ ဖြစ်တည်မှု အုပ်စုက တသီးပုက္ကလ လူတယောက်၏ သဘာဝအမူအကျင်.ကို အသားပေးတယ်။ လူနဲ. သူ.ပတ်ဝန်းကျင် ကြားကဆက်သွယ်ချက်ကို အသားမပေးဘူး။

ဖြစ်တည်မှု ဒဿနမှာတော. အလယ်ချက်တိုင်မှာ တယောက်ထဲ သီးခြား ထီးထီးဖြစ်နေတဲ. လူကိုသာ သူတို.တွေးယူနည်းမှာ ပင်မထားတယ်။ အပြင်က၀င်လာတဲ.
၁-သက်ရှိမဟုတ်တဲ. အရာဝတ္ထုတွေ၊ရုပ်အခြေအနေ၏လွှမ်းမိုးမှု
၂- တခြားတပါးသော သက်ရှိလူသားတွေ၏လွှမ်းမိုးမှု -- ဒီပြင်ပက ဖိအား၂မျိုးစလုံးက သူတို.က နောက်တန်းမှာထားတယ်။ ဒါတွေဟာ လူတဦးစီ၏ အတွေ.အကြုံလောက် အရေးမကြီးဘူးလို.ဆိုချင်တဲ. ဖြစ်တည်မှုကျောင်းသားများ၏ အယူအဆမှာ အောက်ပါအချက်များကို သွားတွေ.ပါတယ်။ သူတို.ဟာ ပတ်ဝန်းကျင်ကို ပြုပြင်ယူဖို.ထက် ပတ်ဝန်းကျင်၏ဖိအားကို လိုတာထက်ပိုပြီုး ကြောက်ရွံ.၊ သို.မဟုတ် မုန်းတီးခဲ.ဟန်ရှိပါတယ်။

သူတို. က အပြင်ကရုပ်ဝတ္ထုနဲ. တခြားလူတွေ၏ ဖိအားများကြောင်.၊ လူ. အနှစ်သာရဟာ လမ်းလွဲပျက်ဆီးရရှာတယ်၊ အဆင်.နိမ်.သွားရတယ် လို.မြင်တယ်။ လူဟာ ပတ်ဝန်းကျင်ကြောင်. သူဝိညာဉ်ပျောက်သွားရပါတယ်။ စက်ရုပ်သဏ္ဍန် ဖြစ်သွားရပါတယ်၊ ပတ်ဝန်းကျင်ကြောင်. အုတ်အရောရော ကျောက်အရော ရော ဖြစ်ရပါတယ် လို. ဆင်ခြေ ပေးတတ်တဲ. ဖြစ်တည်မှုကျောင်းသားများဟာ လူမှု ပတ်ဝန်းကျင်ကိုကျောခိုင်းစေတဲ.အယူ အဆ မျိုး ကို လေ.ကျင်.တတ်ကြတယ်။

မာ.က်စ်အဘိဓမ္မာကတော. သူတို.နဲ.ဆန်.ကျင်ဖက်ဖြစ်တယ်။
---------------------------------------------------------------------------------------------------------------
အပိုင်း(၃) နိဂုံး ဆက်ဖတ်ရန် ဘာသာပြန်သူ(aasw)
(ထုံးစံလိုဖြစ်ခဲ.ရသော
ကျွန်စနစ်)
(ထုံးစံလိုဖြစ်ခဲ.ရသော ကျွန်စနစ်)

No comments:

Post a Comment