သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, November 3, 2013

ဘာသာပြန် အပိုင်း(၄) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

ဘာသာပြန် အပိုင်း(၄) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

September 4, 2013 at 12:08am
ဘာသာပြန် အပိုင်း(၄)
George Novack’s Understanding History: Marxism Versus Existentialism (ဘာသာပြန်)

တကိုယ်တော် လူသား၏ အဓိပ္ပါယ်သတ်မှတ်ချက် ဆိုတာ မာ.က်စ်ကျောင်းသားတွေအတွက် ဒီလိုပါ။
ပြင်ပက တိုက်ပွဲနဲ. စိမ်ခေါ်မှုတွေကို အများအကျိုး အတွက် ရင်ဆိုင်ယှဉ်ပြိုင်ခြင်း ဖြင်.သာ လူတယောက်၏စွမ်းရည် အစစ် ပေါ်ထွက်၏။

ဒီတော. မာ.က်စ်အတွေးအခေါ်ကို ယုံလည်းယုံ လက်ခံကျင်.ကြံနေတဲ. ကျနော်တို.ဟာ အောက်ပါမေးခွန်းကိုမေးရပါလိမ်.မယ်။ ကျနော်တို. ကိုယ်ထဲက ဘာကို နှိုက်ထုတ်ပြီး၊ ဘယ်လို အသုံးဝင်စေဖို. ဘယ်နည်းနဲ. မိမိ အဇ္ဈတ္တကို ကြည်.ကြမလဲ။
ဖြစ်တည်မှုသမားတွေ ပြောသလို အထဲကြည်.၊ အတွင်းကြည်.။ ဟုတ်ပြီ။ ကျနော်တို.ဟာ လူဖြစ်နေတဲ.အတွက်၊ လူဆိုတာ တွေးနေတဲ. သတ္တ၀ါဖြစ်တဲ.အတွက် ဘ၀၏ အချိန်ပိုတိုင်းမှာ လူ.အနှစ်သာရ ကို ထုတ်ချင်းပေါက်၊ အောက်ဆုံးထိ ရောက်အောင်ကြည်.မယ်။(ဒါပေမဲ. ပုဂ္ဂလိက လွတ်လပ်ခြင်းကို ဖြစ်တည်မှုသမားတွေ ခဏခဏကိုးကားတဲ. သေခြင်း ဆိုတဲ. အရာကို ခေါင်းထဲ ထည်.၊ ဘ၀အမှောင်ထုကြီး မှာသမိုင်းနှင်.မဆိုင်သည့်  အက်ဆိဒန်.များ၊ ကမောက်ကမ အဖြစ်အပျက် တွေရှိနေတယ်--သည်လိုတွေး သည်လိုပိုင်းဖြတ်ထားတဲ. existentialists တွေ ကြည့်သလိုမျိုးမဟုတ်ဘူး။) ကျနော်ကြည်.ပုံက မိမိပါဝင် သက်ဆိုင်တဲ. ပတ်ဝန်းကျင်၊ သမိုင်းနောက်ခံ စာအုပ် နဲ. တရွက်စီ တိုက်ကြည်.တာမျိုးဖြစ်တယ်။ ကျနော်တို. အတွက် အချိန်ကတန်ဘိုးကြီးတယ်။ လူသားဘ၀ ဟာ အလွန် အရေးကြီးတယ်။ အဖိုးတန်တဲ. လူ့ ဘ၀မှာ ဟိုးတနေရာလူ့ ဒုက္ခဘုံ အောက်ခြေက ဟင်းလင်းပြနေတဲ. သေခြင်း ကြီးနဲ့ ၊ ဒီသေခြင်းကို လန်.ဖြန်.နေရတဲ.စိတ်နဲ့ ကျနော်တို. ၏အဖိုးတန်လှတဲ.ဘ၀ကို မကုန်ဆုံးသင်.ဘူး။

ယွန်းပေါဆာ့ဒ်အဆို၊ လူ .အသိ၊ လူ၏ နားလည်မှု (consciousness)
လူ့ အသိ ဟာ လောက ၏ အချက်အလက် များနှင်. မတိုက်ဆိုင်ဘူးဟု ဆိုပါတယ်။ မာ.က်စ်ကျောင်းသားတွေက လက်မခံပါဘူး။ ဆာ.့ဒ်ပြောသလိုသမိုင်းအချက်အလက်တွေကိုလူ
နဲ့ခွဲလိုက်သည်.အခါ---ဒါတွေဖြစ်လာတယ်။
- ဖြစ်တည်မှု သမား ဟာ သူ.ပုဂ္ဂလိကတန်ဖိုး ကို အများပါဝင်တဲ.အော်ဂဲနစ် ပတ်ဝန်းကျင်က ဝေးစေတယ်။သို.မဟုတ် တမင် ခွဲ ထုတ်ခံ လိုက်ရ တယ်။ သူတို့ အမြင်အရ ပတ်ဝန်းကျင် ဟာ ကြမ်းတယ်။ ရန်ပြုတယ်။ လူ့ ကွာလတီကို ကို ဖျက်တယ် လို. စကားကြောင်းကြတဲ.အခါ၊ လူ့  အတွေ့ အကြုံ နဲ့  ခံစားချက်ဟာ ညှိုးငယ်၊ မျှော်လင်.ချက်မဲ့စရာတွေသာဖြစ်လိမ်.မယ်။ ဖြေမဆည်နိုင်တဲ.သောက နဲ.လူ.ဘ၀၊ ဒရာမာတွေ အပြည်.နဲ. အက်ဆိဒန့် တွေကို မလွန်ဆန်နိုင်တဲ. လူ့ ဘ၀။

ဒီနည်းကို ကျနော်တို.ဖက်က အားမပေးနိုင်ဘူး။ သည်အမြင်ကို စန်းတင် ယူခဲ. လျှင်လူဟာ ပတ်ဝန်းကျင်၏ ရန်ပြုမှုကို သဘာဝကျကျ တုန်.ပြန် နိုင်တဲ. အော်ဂဲနစ် အစုအဝေးတွေက ကင်းသထက် ကင်းလာမှာ ဖြစ်တယ်။ ဒါ့ကြောင့် လူဟာ ခုခံနိုင်စွမ်းနည်းလာတယ်။ သူ. တကိုယ်တော် သိမှု consciousness မည်သို.ဖြစ်စေ၊ အော်ဂဲနစ် ပတ်ဝန်းကျင် နှင်. အဆက် အစပ်မရှိတဲ. အတွက် လူတယောက်၏ တုန်.ပြန်မှုတွေဟာ၊ အရှိတရား ဖြစ်တဲ့  မျက်မှောက် ပစ္စုပ္ပန်ပြဿနာတွေကို အသားပါပါ ဖြေရှင်းပေးနိုင် မှာ မဟုတ်ဘူး။
ဖြစ်တည်မှု၏ အဓိပ္ပါယ် ပုံဖေါ်တဲ့နေရာမှာ သူတို့ ၏ တကိုယ်တော် စိတ်၊ တကိုယ်တော်အယူအဆသာအဓိက၊ သူတို.စိတ်ကပဲအားလုံးကိုပြဌာန်းတယ်ဆိုတဲ. စကားဟာ အလွဲကြီးလွဲနေတယ်။ အကြောင်းအကျိုး မညီညွတ်တဲ. စကားပဲ ဖြစ်တယ်။

အမှန်က လူတယောက်၏ ပါဆင်နယ်လတီ ( အတွေး အမြင် အကျင်.အကြံ) ဆိုတာကို လူဟာ သူတယောက်ထဲ ပုံဖေါ်လို.မရပါဘူး။ အတ္တကို ပုံဖေါ်ဖို. ပတ်ဝန်းကျင် ကို မလိုအပ်ဘူးဆိုတာ လုံးလုံး မဖြစ်နိုင်ဘူး။ မိမိ စိတ်ကလေးနဲ. ဖြစ်တည်မှုသာ အခရာ ဆိုတာဟာ သက်သေပြစရာမရှိဘူး။ လူတွေရဲ့ တသီးပုဂ္ဂလဆောင်ရွက်ချက် တွေဟာ ပတ်ဝန်းကျင်ကတောင်းဆိုတာတွေနဲ. သဟဇာတ ဖြစ်မှသာ၊ တကိုယ်တော်များလည်း တန်ဖိုး တစုံတရာ နဲ. ခရီးပေါက်နိုင်ပါလိမ်.မယ်။ သို. မဟုတ်ပါက၊ ဖြစ်တည်မှု ဆိုတာ တကိုယ်တော် လေ.လွင်.ခြင်း ဆောင်ပုဒ်ကို စကားလုံးတွေနဲ.စီထားတဲ.၊ ပြဿနာမဖြေရှင်းနိုင်တဲ.၊ အတ္တ၀ါဒ တခု သာ ဖြစ်နေတယ်။

Be Yourself ဆိုတဲ. သူတို.၏ဆောင်ပုဒ်
အထက်က စာလုံးဟာ ဖြစ်တည်မှု ကျောင်းထွက်တို.၏ စလိုဂန်၊ ဆောင်ပုဒ်၊ သူတို.စာအုပ်ထဲက ရေပန်းအစား ဆုံး ပထမ ဆုံး ပဋိညာဉ် ဖြစ်တယ်။ ကိုယ့် အကြောင်းကိုယ်သိနော်။ ကိုယ့် ကို ကိုယ့်  မလိမ်ကြေးနော်။ ကိုယ်. အရှိအတိုင်းနေကြေး နော်။ စသသည်.ဆောင်ပုဒ်တွေမှာ တကိုယ်တော်၏ အခွင်.အရေး။ လက်ဦးရယူမှုတွေ၊ ဂုဏ်သိက္ခာ။ ဒါတွေကို ကို ထိန်းသိမ်းဖို. သူတို. ဆန်.ကျင်ခိုင်း တာတွေက တော. အများကြီးပါပဲ။ ဇွတ်တရွတ်၊ ဗြုန်းစား အကျင်.၊ ခု ဆိုခု၊ စသည်.အမူအကျင်.တွေကို လည်း အားပေးတဲ. သဘောတရားဖြစ်တယ်။ သူတို.အလိုအရ ဇွတ်တရွတ် ပြု ဆန်.ကျင် ကောင်းသော အရာများမှာ--
လူအများပါသော လူစုလူဝေး mass
လူတန်းစား class ၊
အုပ်ချုပ်ရေးယန္တယား state ဒါတွေ ပါဝင်တယ်။



ဟုတ်ပါတယ်။ သူတို. ဆန်.ကျင် တဲ.အထဲမှာ ဖိနှိပ်တဲ. အာဏာ ပိုင် တွေပါနေတယ်။ အာဏာ ပိုင်တွေကို ဆန်.ကျင် ခိုင်းသလိုသူတို.က လူ့ အစည်းအရုံးတွေ၊ အင်စတီကျူးရှင်းတွေကို ပါ ဆန်.ကျင်တယ်။ ဖြစ်တည်မှု ကင်းစောင်.တပ် ၏ အသုံးအများဆုံးစကားလုံးက (nonconformity) ။ သူများ နဲ. မတူအောင် တမင်နေခြင်း။ လိုက်လျှောညီထွေ မနေခြင်း။ အဓိပ္ပါယ်လေးနက်တဲ. ကော.ဇ် Cause တခုခု မရှိပဲ၊ ငြင်းဆန်နေခြင်း။ ပြန်လို.ရတယ်။

တကိုယ်တော် လွတ်လပ်မှု ဘယ်လိုနည်းနဲ့ ရရ ဆိုတဲ.ဆောင်ပုဒ်
တကိုယ်တော် လူဟာ ဘယ်နည်းနဲ.ရရ တကိုယ်တော် လွတ်လပ်မှု ရှိ ရမယ်လို.ပြောသူက ဂိုဏ်းချုပ် ဆရာကြီးခီယာကဲဂါ့ဒ် က သည်လို ကြွေးကျော်တယ်။“ကျုပ်ကတော.၊ ဘယ်နေရာရောက်ရောက် ပြဿနာရှာပစ်လိုက်မယ်။ ပြဿနာရှာဖို.ဟာ ကျုပ်၏တာဝန်တရပ်ဖြစ်တယ် -----”
ဒီတော.--ဖြစ်တည်မှုသမားတွေ ဆန့် ကျင်ပြ ကောင်းလိုက်တာမှ။ သူတို. ဆန့် ကျင်တဲ.စာရင်းမှာ အကုန်နီးနီး ပါသွားတယ်။ Routines ရူတင်းန်စ် လို.ခေါ်တဲ့ ပုံမှန်အလုပ်တွေကို ရန်ရှာတယ်။ ရှင်းလင်းမြင်သာ တဲ. အိုင်ဒီယာ မှန်သမျှကို လည်း ရှင်းနေထင်းနေလို.ဆိုပြီး ရန်ရှာတယ်။ စည်းကမ်းတကျ ပြုမူနေထိုင် ကျင်.ကြံမှု ကိုလည်း မလိုဘူး ဆိုပြီး ရန်ရှာကြတယ်။ လူ့ ပတ်ဝန်းကျင် မှာ ဖြစ်သမျှကို မိမိ အတ္တ နဲ. မကိုက်လို. အကုန်လုံးကို ရန်ရှာ ကြတော.တယ်။ ယွန်းပေါဆဒ်ကလည်း အောက်ပါအတိုင်း ပြောသေးတယ် ခင်ဗျ။

“မိမိစိတ်ကြိုက် လွတ်လပ်စွာ ရွေး လုပ်တဲ. ပရောဂျက် အလုပ်မျိုး မဟုတ်လျှင်၊ လုပ်နေရသမျှဟာ၊ အညံ့ခံ ခေါင်းငုံ့ နေရခြင်း။ အယူမှားခြင်း ၏ ပြယုတ်။”

ကဲ၊ဒါဆို၊ ဖြစ်တည်မှု ကျောင်းသားတွေ ဘယ်သူတွေကို ပြစ်မှတ်ထားဆန့် ကျင်လဲ။ ကြည်.ရအောင်။
သူတို.ဆန်.ကျင်တာတွေက များမြောင်လွန်းတယ်။ ကလန်ကဆန်ုပြု ဆန်.ကျင်သူ၏ စိတ်ထားနဲ. အထုံ၊ လိုက်ပြီး သူသန်ရာနေရာတွေမှာ လိုက် ဆန်.ကျင်ကြတယ်။ အမျိုးအစားများလွန်းတော. သူတို.ကလန်ကဆန်ပြုမှု မှာ အောသဒေါ.က်စ် ဘာသာရေးတွေပါတယ်။ အဘိဓမ္မာသင်ကြားချက်တခု စနစ်တခုလို ဖြစ်လာ၊ အသားကျလာကိုလည်းဆန်.ကျင်တယ်။ (ဆာ.ဒ်ဟာ မူလ အော်ဂန်နစ်ခ် မာ.က်ဆစ် အဘိဓမ္မာကို မကြေပဲ၊ ဥရောပ ၏ ရီဖေါမ်းလမ်းပေါ်က ပါလီမန်တွင်း၊ ပါတီတွင်း က ဆိုရှယ်လစ် ဗြူရိုကရက်၊ ကွန်မြူနစ်ဗြူရိုကရက်၊ အရင်းရှင် ဗြူရိုကရက်တို.နဲ့  ရောထွေးပြီး ဝေဖန်ခဲ.သေးတယ်။)

သူဆန့် ကျင်တဲ့ အထဲ အရင်းရှင်စနစ်လည်းပါသေး။ ရုရှားက စတာလင် ကိုလည်း ချန်မထားဘူး။ ဘူဂျွာ တို. စိတ်ထား ကို ဆန်.ကျင်တယ်။ အလုပ်သမားလောက မှာလည်း ကြိုးနီ အကျင်.ဆိုးတွေရှိနေလို.ဆိုပြီး ဆန်.ကျင်ကြတယ်။ ဒါတွေလည်းပါတယ်။
ဂိုဏးချုပ်ကြီး ခိယာကဲဂါဒ်.က ဒိန်းမာ.က် နိုင်ငံ က လူလတ်တန်းစားဘူဂျွာလူတန်းစား ဟာ အကုန်လုံး ကြောင်သူတော်တွေပါလို ဟားတယ်။သူတို.ကို နှိပ်စက်ဖို. ငါထွက်လာပြီလို. ကြွေးကျော်တယ်။ ဖရက်ဒရစ် နိချီကတော့
သူ့စိတ်ကြိုက် စူပါမန်းတယောက် ဖန်တီးလိုက်တယ်။ နိချီ့ ဆူပါမန်းကတော. ကုသိုလ်၊အကုသိုလ၊် အဖြူ ၊အမဲ ဒီတရား၂ခုလုံးကို၊ ကျွဲနွားတွေနဲ.တူတဲ. လူအုပ်ကြီးနဲ.ရောစရာမလိုလို့ ၊ သူ့ ဇတ်လိုက်က လူအုပ်ကြီး အထက်က နေပြီး ဆူပါမန်းလို ခုန်ပျံလွတ်မြောက်သွားတယ်ဗျ။ အမှန် တကယ် နိချီ လက်ခုပ် တီးသြဘာပေးတာ ဒီလို လူစွမ်းကောင်းမျိုးပါ။

တဖန် နံမည်ကြီး ကမူး နဲ. ဆာ.ဒ် တို. ၏ ဇတ်လိုက်တွေကတော. သူပုန်တွေ၊ စည်းအပြင်က လူတွေ။ ဆာ.ဒ် ပါတနာ ဆိုင်မွန်ဒီဘူဗွားနဲ. ဆာ.ဒ် ဆိုရင်ဗျာ။ ဘယ်လောက်ထိအောင်လဲဆိုလျှင်၊ ယွန်းဂါနက်၊ မာကွက် ဆာဒေး စသည့် လူပြောများတဲ့ စာရေးဆရာတွေကို ဖင်ပြန်ခေါင်းပြန် ဆန်းစစ်လိုက်ကြတာများ။
သူတို့  တကူးတက အထူးပြု အနုစိတ် သုံးသပ်တဲ. စာရေးဆရာတွေကိုကြည်.လိုက်ပါ။ ကိုယ်ကျင့်သီလ ပါတဲ. လောကနိယာမတွေ၊ နိတိ ဒဿနကျမ်းတွေ အထက်မှာ ခပ်မျက်နှာပြောင်ပြောင် နဲ. ကိုယ်ကျင်.တရား မလိုပါဘူး လို. ပေါ်တင်နေရဲခဲ.ကြသူတွေ။ ဒီလို ဖြစ်နေတာတောင်၊ လူသိရှင်ကြား တိုင်ထူ အလံထောင် ကြွားပြ သူတွေ ခင်ဗျ။

ဂိုဏ်းချုပ်ကြီးခိယာကက်ဂါ့ဒ် က ဒန်းမာ.ခ် အလုပ်သမားလူတန်းစား ဟာ အပျင်းထူလွန်းတယ်၊ အားအင် မထဲ.ပဲ မျှောလိုက်နေတဲ.လူတန်းစား လို့ ပြောတယ်။ ပြီးတော. ဒန်းမာ.ခ်နိုင်ငံက လူလတ်တန်းစားကို သည်လူတွေဟာ ဆောင်.ကြွားကြွားနဲ. ကိုယ်.ကိုကိုယ်လိမ်နေကြသူများလို. ဝေဖန်ခဲ.သေးတယ်ဗျ။ သူလုပ်လိုက်ကာမှ ဒန်းမာ့ခ် တနိုင်ငံလုံး ခရစ်ယန် ဘုရားကို အရူး အမူး မျက်စေ.စုံမှိတ် ကိုးကွယ်ဖို. အကြောင်းဖြစ်လာသလိုပဲ။ ယွန်းပေါဆဒ် လည်း အလားတူပဲ။ သူ.က ကိုယ်.ကိုကိုယ် အကျေနပ်လွန်နေ၊ အတ္တနဲ. ဖေါင်းပွ နေတဲ.လူတွေ ကို ထိုးနှက်တယ်။ ကွာလတီ ခပ်ညံ့ညံ့သမားတွေဟာ သူတို့ ကိုသူတို့ ဘုရားတဆူထင်နေသူများပါလို့ သည်လူတွေကို တဖက်ကနှိမ်တယ်။ သူ သဘာဝမကျပုံများတော.၊ နောက်တဖက်မှာတော. ဆာ.ဒ်ဟာ မိမိကို မိမိ ကိုးကွယ်ရေးသာအဓိက၊ လွတ်လပ်မှုကို အသေကိုင်ထားရမယ် တဲ.။ ဒါကိုပဲ သူက ကိုယ်ကျင်.အဘိဓမ္မာ တရပ်လို အကြီးအကျယ် ဟောပြောခဲ.တယ်။ မိမိကို မိမိ ဗဟိုပြုရေးတရား ကို စန်းတင်ရေးသားခဲ.တယ်။

ဒါတွေကြောင်.ပဲ၊ ဖြစ်တည်မှုကျောင်းထွက်ဆရာကြီးများက သူတို.ပုန်ကန်တဲ. လူ့ အဖွဲ.အစည်း၏ တန်ဖိုးတွေကို တလွှာစီ မျက်နှာဖုံးခွာချဖို. ကြိုးစား တဲ.နေရာမှာ၊ သူတို. အပြောကြီးသလောက်၊ သူတို. အပေါ်ယံ ပုန်ကန် ခဲ့သလောက် အောင်မြင်မှု မရခဲ.ဘူးလို. ကျနော်တို.ဖက်ကပြောရင်ဖြစ်တယ်။

ေ၈ျာ.ခ်ျနိုဗက်


အပိုင်း(၄) နိဂုံး အပိုင်း(၅)ဆက်ဖတ်ရန် ဘာသာပြန်ဆိုသူ(aasw)

No comments:

Post a Comment